ကြယ်တွေကြားက
ကောင်မလေးရေ
ပန်းရောင်သန်းတဲ့
တောက်ပမှုတွေနဲ့
အိမ်မက်ထဲတော့
ဝင်မလာပါနဲ့။
အိပ်ပျက်နေတဲ့
ငါ့နှလုံးသားကို
ထပ်မနိုးစေချင်ဘူး။
မသိချင်ယောင်ဆောင်ပြီး
လှည့်ထွက်ခဲ့ပေမယ့်
ငြိပါနေတဲ့
ဇတ်လမ်းတွေနဲ့တင်
တခန်းရပ်သင့်ခဲ့တယ်။
ငါရပ်နေပါတယ်
ဘယ်သူနဲ့မှမတိုက်မိအောင်
ကိုယ့်ကိုကိုယ်တောင်
ပြန်ရှောင်ရင်းနဲ့
အမှောင်ထဲမှာ
ရပ်ပြီးအိပ်နေခဲ့တာ
မမြင်တာမဟုတ်ဘူးနော်။
နည်းနည်းရှည်သွားလို့
ဟာသရေးပြီ
အလှတွေနဲ့
တောက်ပနိုင်ပါတယ်။
ဒါပေမယ့်
တိုက်မိလို့
ကြိုက်မိရင်တော့
ပိန်းရွက်ရေစို
တမာချို
ကမ္ဘာပြိုတောင်…………
်ဆိုတာတွေနဲ့
်တစ်ရက်မပျက်
တရစပ်ပို့မှာ
မှက်ချက်
သတိပေးတာပါ။
့
ဲ
့
ဲ