Tuesday, July 22, 2014

အရှင်နန္ဒမာလာဘိဝံသ ဟောကြားတော်မူသော မြတ်ဘုရား၏ သတိပဌာန် နည်းစနစ်

ဒါကြောင့်မို့ ဒီလိုချမ်းမြေ့သာယာတဲ့ ဘ၀ အေးချမ်းသာယာတဲ့ ဘ၀မှာ နေဖို့ရာအတွက် လိုအပ်ချက်တွေက ဘာတွေလဲ? တချို့က ပစ္စည်းဥစ္စာတွေ ကြွယ်ဝချမ်းသာရင် ချမ်းမြေ့သာယာတဲ့ ဘ၀မှာ နေနိုင်မယ်လို့ တွက်ကောင်းတွက်မယ်။ ၀င်ငွေကောင်းတဲ့ အလုပ်အကိုင်တွေ ရှိထားရင်လည်း ချမ်းမြေ့သာယာတဲ့ ဘ၀မှာ နေရမယ်လို့ ထင်ကောင်း ထင်လိမ့်မယ်။ အဆင်ပြေနေတဲ့ လူမှုရေးဘ၀မှာ နေရလို့ရှိရင်လည်း ချမ်းမြေ့သာယာတဲ့ ဘ၀မှာ နေရမယ် လို့ ထင်ကောင်း ထင်လိမ့်မယ်။ တကယ်တော့ လောက အရေးတွေ မည်မျှပင် အဆင်ပြေနေနေ စစ်မှန်တဲ့ နည်းစနစ်တစ်ခု မရှိပဲနဲ့ သောကကင်းတဲ့ ဘ၀ ၊ဒေါမနဿ ကင်းတဲ့ ဘ၀ ၊ ချမ်းမြေ့သာယာတဲ့ ဘ၀မှာ နေရဖို့ဆိုတာ အင်မတန်မှ ခဲယဉ်းပါလိမ့်မယ်။ ချမ်းမြေ့တဲ့ ဘ၀မှာ နေနိုင်မှာ မဟုတ်ပါဘူး။ ချမ်းမြေ့သာယာတဲ့ ဘ၀ကို နေချင်ရင် အခုမြတ်စွာဘုရားဟောတဲ့ သတိမကွာ အသိပညာဖြင့် နေခြင်း ဆိုတဲ့ ဒီစနစ်ကို လိုက်နာကျင့်သုံးကြရမယ်။ ဒီလိုဆိုရင်တော့ ချမ်းမြေ့ပျော်ရွှင်ဖွယ် ကောင်းတဲ့ ဘ၀မှာ နေနိုင်မှာဖြစ်တယ်။ ဘယ်လို အခက်အခဲ ဘယ်လိုပြဿနာနဲ့ပဲ ကြုံကြုံ စိတ်ဓါတ်ကြံ့ခိုင်မှုဟာ အင်မတန်မှ အရေးပါတယ်။ စိတ်ဓါတ်ကြံ့ခိုင်မှု မရှိရင် ခုနပြောတဲ့ မိမိမလိုလားအပ်တဲ့ အခြေအနေ တစ်ခုခုနဲ့ ရင်ဆိုင်လိုက်ပြီဆိုတာနဲ့ တစ်ပြိုင်နက် လူ့ရဲ့စိတ်နှလုံးဟာ တုန်လှုပ်ချောက်ခြားပြီး ငြိမ်းချမ်းသာယာမှုတွေ အားလုံးဟာ ဆုံးရှုံးသွားနိုင်တယ်။ ဒီလိုဆုံးရှုံးမသွားရအောင် မြတ်စွာဘုရားက နေနည်း ထိုင်နည်းကို ယခုလို ဟောတော်မူထားတာ။ သတော ဘိက္ခဝေ ဘိက္ခု ၀ိရဟေယျ သမ္ပဇာနော ၊ သတိမကွာ အသိပညာဖြင့်နေပါ၊ အယံ ဝေါ အမှာကံ အနုသာသနီ။ ဒါဟာ ငါဘုရားရဲ့ ဆုံးမသွန်သင်ချက်ပဲ ဖြစ်တယ်။ ယခုလို မြတ်စွာဘုရား ဟောတဲ့နေရာမှာ သတိမကွာဆိုတာ ဘယ်မှာ သတိမကွာရမှာလဲ? အသိပညာဆိုတာ ဘယ်လိုအသိပညာ မျိုးလဲ? ဆိုတာ define လုပ်ဖို့ လိုအပ်တယ်ပေါ့။ နို့မို့ဆိုရင် လူတိုင်းလူတိုင်းဟာ ထင်ကြမယ်၊ အိမ်မှာပဲ အလုပ် လုပ်တာဖြစ်စေ၊ ရုံးမှာပဲ အလုပ် လုပ်တာဖြစ်စေ၊ တက္ကသိုလ်မှာပဲ အလုပ် လုပ်တာဖြစ်စေ၊ ကိုယ်လုပ်ရမယ့် အလုပ်တစ်ခုပေါ်မှာ လို့ သတိရှိနေတယ်၊ ဒါကိုပဲ သတိမကွာလို့ ဆိုလိုတာလား။ အသိပညာ ဆိုတာ တို့တတ်ထားတဲ့ အသိပညာနဲ့ နေတယ်၊ ဒါ အသိပညာနဲ့ နေတယ်လို့ ဆိုလိုတာလား၊ လို့ ထင်မြင် ယူဆ မိကြလိမ့်မယ်။ သတိဟူသည် အဲဒီတော့ ဘ၀မှာ ခုနပြောတဲ့ နှလုံးသားထဲက ပူလောင်မှုတွေ ကင်းပြီး အေးငြိမ်းတဲ့ ဘ၀ကို နေချင်ရင် သတိတရားနဲ့ နေရမယ်။ သတိဆိုတာ မြန်မာလူမျိုးတွေအဖို့မှာ အင်မတန်မှ ရင်းနှီးတဲ့ စကားလုံးတစ်လုံး ဖြစ်တယ်။ သို့သော် သတိဆိုတဲ့ စကားလုံးဟာ မြန်မာစကားလုံး မဟုတ်ဘူး။ ပါဋ္ဌိ စကားလုံးဖြစ်တယ်။ သတိဆိုတာ အာရုံတစ်ခုကို ရယူပေးနေတဲ့ သဘောလေးကို ပြောတာ။ အင်္ဂလိပ်လိုပြန်တဲ့အခါ သတိကို mindfulness လို့ ပြန်လေ့ရှိတယ်။ အဲဒီ mindfulness လို့ ပြန်တာကတော့ ပစ္စုပ္ပန်အာရုံပေါ်မှာ mindful ဖြစ်နေတာကို အဓိကထားပြီး ပြောတဲ့သဘောပဲ။ အာရုံတစ်ခုက ပစ္စုပ္ပန်မဟုတ်ဘူး ၊လွန်မြောက်ခဲ့ပြီ- ဥပမာ လွန်ခဲ့တဲ့နှစ်က၊ ဟိုး လွန်ခဲ့တဲ့ ကိုးနှစ် ဆယ်နှစ်က အကြောင်းအရာတွေ ကြတော့ ဒီသတိကို memory လို့ ပြန်ရမှာပဲ။ ဒီတော့ သတိဆိုတာ အဓိပါယ် နှစ်မျိုးရှိတယ်။ မှတ်မိတာရယ်၊စိတ်အားစိုက်တာရယ် ဒီနှစ်ခု။ အမှတ်ရတာ၊ မှတ်မိတာလည်း သတိပဲ။ မှတ်မိတာက ဘယ်အရာတွေနဲ့ တွဲဖက်လာတုန်းဆိုရင် အမှတ်သညာနဲ့ တွဲဖက်လာတယ်။ အမှတ်သညာဆိုတာ အာရုံနဲ့ တွေ့တယ့်အချိန်မှာ စိတ်ကမှတ်သားလိုက်တာ noting system ပေါ့။ စိတ်ကမှတ်သား လိုက်တဲ့အတိုင်း နောက်တစ်ခါ ဒါမျိုးတွေ့ရင် ဒါပဲဆိုတာကို သိတာ၊ ဒါက သညာရဲ့ အလုပ်ပဲ။ သတိကျတော့ အဲဒီ အာရုံကို ယူပေးတာ၊ ဒါကြောင့် အာရုံကိုရယူပေးတာက သတိ၊ မှတ်မိတာက သညာ လို့ ဒီလို နှစ်ခု ပြောလို့ရတာပေါ့။ ပစ္စုပ္ပန်တည့်တည့် မျက်စိက မြင်ရတဲ့ အာရုံ၊ ပစ္စုပ္ပန်တည့်တည့် နားက ကြားရတဲ့ အာရုံ စတဲ့ အဲဒီအာရုံတွေ သိတာကျတော့ mindfulness လို့ခေါ်တယ်။ စိတ်အားကုန် စိုက်ထားတယ်၊စိတ်အားကုန် ပို့လွှတ်ထားတယ်၊ အဲဒီ mindfulness လို့ဆိုတဲ့ သတိဟာ အင်မတန်မှ အရေးကြီးတဲ့သတိပဲ။ ဒါကြောင့်သတိနဲ့ ပက်သက်လာလို့ ရှိရင် အတိတ်က အာရုံတစ်ခုကို မှတ်မိတာရယ်၊ ပစ္စုပ္ပန်မှာ ဖြစ်ပေါ်နေဆဲ အာရုံကို ရယူပေးတာရယ် ဆိုပြီး အဲဒီလို သတိရဲ့ ဆောင်ရွက်မှု နှစ်ခုရှိတယ်။ သတိမကွာနေခြင်း အဲဒီအထဲမယ် မြတ်စွာဘုရား ဆိုလိုတဲ့ သတိမကွာ ဆိုတဲ့ သတိကတော့ ပစ္စုပ္ပန်တည့်တည့် ကိုယ်ဘာလုပ်နေတယ် ဆိုတဲ့ အပေါ်မှာ ကိုယ့်ရဲ့ action ပေါ်မှာ mindful ဖြစ်တဲ့ သတိကိုပြောတာ။ ဘာပဲလုပ်နေ လုပ်နေ လုပ်နေတဲ့အပေါ်မှာ သတိရှိဖို့ပြောတာ။ ဒီပစ္စုပ္ပန်ကျတဲ့ သတိကမှ စိတ်ငြိမ်းချမ်းမှုကို ပေးစွမ်းနိုင်တယ်။့ သတိရှိဖို့ ဆိုတဲ့နေရာမှာ ဘယ်နေရာ သတိရှိရမလဲ? ခုနက စိတ်ငြိမ်းချမ်းမှုကို ရယူချင်တဲ့ ပုဂိုလ်တွေဟာ ဘယ်လိုလေ့ကျင့်ရမလဲ? ဆိုတာကို မဟာသတိပဋ္ဌာနသုတ်မှာ မြတ်စွာဘုရားက အာရုံလေးမျိုး ပေးထားတာရှိတယ်။ နံပါတ်တစ်က ကာယ body ပေါ့။ မိမိရဲ့ ကာယပေါ်မှာ mindful လုပ်တာပေါ့။ နောက်တစ်ခုက လူတွေမှာ ခံစားမှု ဆိုတာရှိတယ်။ ခံစားမှုဆိုတာ ကောင်းတဲ့အာရုံနဲ့ တွေ့လို့ရှိရင် ၀မ်းသာတယ်ဆိုတဲ့ ခံစားမှု ၊ မကောင်းတဲ့ အာရုံနဲ့တွေ လို့ရှိရင် စိတ်ပျက် ၀မ်းနည်းတယ်ဆိုတဲ့ ခံစားမှု ၊ကောင်း မကောင်း အလယ် အလတ်ရှိတဲ့ မထင်ရှားတဲ့ ခံစားမှုလို့ ဆိုပြီး အကျဉ်းချုပ်အားဖြင့် လူတွေရဲ့ စိတ်ခံစားမှုက ၃-မျိုးရှိတယ်။ ဒီခံစားမှု ဆိုတာလည်း လူတွေအဖို့မှာ အင်မတန်မှ အရေးကြီးတဲ့ အရာတစ်ခုပဲ။ အဲဒီခံစားမှု အပေါ်မှာလည်းပဲ mindful ဖြစ်ဖို့ မြတ်စွာဘုရား ဟောထားတယ်။ နောက်တစ်ခုကတော့ လူတွေရဲ့ သဏ္ဍာန်မှာဖြစ်ပေါ်နေတဲ့ စိတ်အခြေအနေပေါ်မှာလည်းပဲ mindful ဖြစ်ဖို့ ၊ သာမာန်အားဖြင့် ကိုယ်စိတ်ကို ကိုယ်သိတယ်လို့ ထင်ကောင်းထင်မယ်။ သို့သော် ကိုယ်စိတ်ကို ကိုယ်ပြန်မသိတာ ပိုများပါတယ်။ သိရမှာက ဘာလဲဆိုရင် လိုချင်တပ်မက်မှုဆိုတဲ့ လောဘတွေ ငါ့စိတ်ထဲမှာဖြစ်ပေါ်လာသလား ၊ မုန်းတီးတဲ့ ဒေါသတွေ ငါ့စိတ်ထဲမှာ ဖြစ်ပေါ်လာသလား၊ အမှန်မသိတဲ့ တွေဝေမှု မောဟတွေ ငါ့စိတ်ထဲမှာ ဖြစ်ပေါ်လာသလား၊ လို့ ကိုယ့်စိတ်ကလေးရဲ့ အနေအထားတစ်ခုကို လေ့လာအကဲခပ် နေရမယ်လို့ ဆိုလိုတာလည်းသတိထားစရာ တစ်ခုပါပဲ။ နောက်တစ်ခုကတော့ မြတ်စွာဘုရားက general point အနေနဲ့ ဓမ္မာနုပသနာဆိုတာကို ပေးလိုက်တာ။ ဓမ္မဆိုတာ အားလုံးကို ရည်ညွှန်းပြီး ပေးလိုက်တဲ့ အမည်နာမတစ်ခုပဲ။ ဥပမာပြောပြရမယ် ဆိုရင် လူတွေရဲ့စိတ်မှာ ဖြစ်ပေါ်လာတတ်တဲ့ နီဝရဏတရား ၅-ပါးဆိုတာရှိတယ်။ (၁) ကာမစ္ဆန္ဒနီဝရဏ - နှစ်သက်စရာ အာရုံပေါ်မှာ နှစ်သက်တွယ်တာနေတဲ့ စိတ်ဆန္ဒ။ desire for sense pleasure ၊ အာရုံတွေအပေါ်မှာ ခံစားလိုတဲ့ စိတ်ဆန္ဒ၊ အဲဒီအာရုံပေါ်မှာ ခံစားလိုတဲ့ စိတ်ဆန္ဒဟာ ကိုယ့်သဏ္ဍာန်မှာ ရှိသလား၊ မရှိဘူးလား။ ဖြစ်သလား မဖြစ်ဘူးလား။ သတိထား ရမယ်လို့ပြောတာ။ နံပါတ် (၂)က စိတ်ထဲမှာ အလိုမကျ ဖြစ်တတ်တာတွေရှိတယ်။ ဗျာပါဒနီဝရဏ- မုန်းတီးမှု အလိုမကျမှု အဲဒါတွေရော ကိုယ့်စိတ်ထဲမှာဖြစ်သလား မဖြစ်ဘူးလား ဆင်ခြင်စဉ်းစားတာ။ နောက်နံပါတ် (၃) က ကောင်းတာလုပ်တဲ့အခါ ပညာရေးကိစ္စပဲ ဖြစ်ဖြစ် ဘာသာရပ်တစ်ခုခု လေ့လာနေတာပဲ ဖြစ်ဖြစ် စိတ်အားတွေ လျော့ကျသွားစေတဲ့ ထိန မိဒ္ဓနီဝရန ၊ အဲဒီမှာ ထိန ဆိုတာ ဆောင်ရွက်ချင်တဲ့ စိတ် လျော့ကျသွားတာ၊ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် Tiredness of mind-စိတ်ရဲ့ နွမ်းနယ်မှု ဖြစ်သွားတဲ့ သဘော ၊ မိဒ္ဓ ဆိုတာကတော့ tiredness of body ၊ သို့မဟုတ် စေတသိတ် တရားတွေ ထိုင်းမှိုင်းသွားမှု။ ထိနနဲ့ မိဒ္ဓ ယှဉ်တွဲလာပေမယ့်လို့ ထိနဆိုတဲ့ သဘောတရားက ဆက်ပြီးတာ့ မလုပ်ချင်ဘူး။ မိဒ္ဓ က ထိုတွန့်ဆုတ်မှု လွန်ကဲ လာလို့ရှိရင် ခန္ဓာကိုယ်ကိုပါ ငိုက်မျဉ်းလာစေတယ်။ ဒီသဘောကို ဆိုလိုတာပေါ့နော်။ စာပေကျမ်းဂန်တွေမှာတော့ ဒီထိနနဲ့မိဒ္ဓ ဟာ စိတ်နဲ့ စေတသိတ် နှစ်ခုအနက် စိတ်ရဲ့ လုပ်ဆောင်နိုင်စွမ်း မရှိတဲ့ သဘောကို ထိန ၊ စေတသိတ်ရဲ့ လုပ်ဆောင်နိုင်စွမ်း မရှိတဲ့ သဘောကို မိဒ္ဓလို့ ဒီလိုဟောတယ်။ သို့သော် တခါတရံ မိဒ္ဓဟာ ရုပ်ခန္ဓာကိုယ်နဲ့လည်းပက်သက်တာဖြစ်တာ ရှိတယ်။ ခန္ဓာကိုယ်ရဲ့ ပင်ပန်းနွမ်းနယ်မှုကြောင့် လူတွေဟာ ငိုက်မျဉ်းလာတတ်တယ်။ အဲဒီ စိတ်ဝင်စားမှု လျော့ကျလာတဲ့ သဘောတရားဟာလည်း အောင်မြင်မှုအတွက် အနှောက်အယှတ်တစ်ခု အနေနဲ့ တို့ စိတ်ထဲမှာ ရှိနေသလား၊ စိတ်အားတက်ကြွမှုတွေ ကုန်ဆုံးနေသလား ဆိုတာကိုလည်း သိရှိဖို့ လိုအပ်တယ်။ နောက်တစ်ခုက (၄) ဥဒ္ဓစ္စ ကုက္ကုစ္စ နီဝရဏ စိတ်ကလေးဟာ ငြိမ်အောင်ထားလို့ မရဘူး၊ ပျံ့လွင့်နေတယ်၊ ဒါက ဥဒ္ဓစ္စ။ အဲဒါကိစ္စ တစ်ခု လုပ်မိတာတို့ မလုပ်မိတာတို့ အပေါ်မှာ နောင်တ ရနေတယ် ၊ စိတ်ထဲမှာ ပူပင်နေတယ်၊ ဒါက ကုက္ကုစ္စ အဲဒါမျိုးကော ရှိသလား မရှိဘူးလား။ အလုပ်တစ်ခု လုပ်လို့ မအောင်မြင်တဲ့ အပေါ်မှာရော စိတ်ဟာမကျေမနပ် ဖြစ်နေသလား ။ မဖြစ်ဘူးလား။ ဒီသဘောဟာလည်း ကုက္ကုစ္စပဲ။ အဲဒီလိုဖြစ်နေလို့ ရှိရင် ဒါဥဒ္ဓစ္စ-ကုက္ကုစ္စ နီဝရစ ဖြစ်တယ်လို့ ပြောတာနော်။ နောက်တစ်ခုက နံပါတ်(၅) ကိုယ်လုပ်နေတဲ့ လုပ်ငန်းတစ်ခုအပေါ်မှာ ဟုတ်သလား မဟုတ်ဘူးလား ဆိုတဲ့ ဇဝေဇ၀ါ ဖြစ်မှု သံသယဖြစ်မှုက ၀ိစိကိစ္ဆာ၊ ဒီဝိစိကိစ္ဆာ ဟာလည်း အနှောက်အယှတ်တစ်ခု ၀ိစိကိစ္ဆာ နီဝရဏ။ ဒါကြောင့်မို့ ဒီဓမ္မာနုပသာနာကျတော့ စိတ်ရဲ့သဘောထားတွေကို ဆင်ခြင်သုံးသပ်ဖို့ သိဖို့ သတိထားမိတတ်ဖို့ မြတ်စွာဘုရားက ဟောထားတယ်ပေါ့။ အဲဒီ နီဝရဏ mental hinderances တွေဟာ ကုသိုလ်စိတ်ရဲ့ အဟန့် အတားတွေပေါ့။ ကုသိုလ်စိတ် ဖြစ်ဖို့ရာ အတွက် အဟန့်အတား စိတ်ကောင်း နှလုံးကောင်းတွေ ၀င်လာဖို့ရာ အတွက် အဟန့် အတားတွေမို့ စိတ်ရဲ့ အညစ် အကြေး တွေလို့သတ်မှတ်တယ်။ ဒီသဘာဝတရားတွေ မိမိရဲ့သဏ္ဍာန်မှာ လွှမ်းမိုးလာလို့ရှိရင် ဘာတွေဖြစ်လာနိုင်သလဲ ? စဉ်းစားညဏ်တွေ အားပျော့သွားနိုင်တယ်။ ဒါကြောင့်မို့ ဒီတရားတွေ မိမိသဏ္ဍာန်မှာ ရှိမရှိ အမြဲတမ်း mindful လုပ်ဖို့လိုတယ် ဆိုလိုတာ။ မြတ်စွာဘုရားက သတိမကွာ နေရမယ် ဆိုတာ ဘယ်မှာ သတိမကွာ နေရမှာလဲ ဆိုတော့ ကိုယ့်ခန္ဓာကိုယ်မှာ။ ဥပမာမယ် - ဘုန်းကြီးတို့တတွေဟာ ကိုယ်ကတော့ ထိုင်နေတယ် စိတ်က တနေရာ ရောက်နေတယ်။ ကိုယ်ကတော့ လှဲလျောင်းနေတယ်။ စိတ်ကတနေရာ ရောက်နေတယ်။ စိတ်နဲ့ ကိုယ်ဟာ အမြဲတမ်း ကွာနေသလို ဖြစ်နေတယ်။ အံကျ မဖြစ်ဘူး။ အံမကျဖြစ်တဲ့ အတွက်ကြောင့် mindfulnessဖြစ်နေတာ လို့ ပြောလို့ မရဘူး။ Mindfulness ဆိုတာ ထိုင်နေရင် ထိုင်နေတယ်လို့ သတိရှိတာ။ အိပ်နေရင် အိပ်နေတယ် လို့ သတိရှိနေတာ။ အဲဒီသတိရှိနေဖို့ ကိုယ့်ကိုယ်ကို လေ့ကျင့်ပြီး ပေးရမယ်တဲ့။ ဒါကအစ ပထမ သတိကောင်းအောင် လေ့ကျင့်တဲ့ နည်းစနစ်တွေပဲ။ အဲဒီလို လေ့ကျင့်တဲ့အခါ ဘာတွေလိုအပ်တုန်း ဆိုရင် ကြိုးပမ်း အားထုတ်မှုဆိုတာ အထောက်အကူ ပစ္စည်း တစ်ခုအနေနဲ့ လိုတယ်။ အထောက်အကူပြုတဲ့ သဘာဝတရား တစ်ခုအနေနဲ့ ကိုယ့်သဏ္ဍာန်မှာ ရှိထားရမယ်။ မရှိဘူးလို့ ဆိုရင် mindfulness ဆိုတာ ဖြစ်မလာနိုင်ဘူးပေါ့။ မိမိစိတ်ကို အားတင်းပြီး ငါ့ရဲ့ ခန္ဓာကိုယ် အမူအရာတိုင်း ငါဟာ စဉ်ဆက်မပြတ် သိနေအောင် ကြိုးစားမယ် လို့ အားစိုက်ဖို့လိုတယ်။ ဒီလိုကြိုးစားတာကို သမ္မာဝါယမလို့ ခေါ်တာပဲ။ ဒီလို ကြိုပမ်းး အားထုတ်မှု မျိုးကို မဟာသတိပဋ္ဌာန်သုတ်မှာ အာတာပီလို့ သုံးတယ်။ ဒီလိုကြိုးပမ်း အားထုတ်မှုဟာ စိတ်ရဲ့ အညစ်အကြေးတွေကို ဖယ်ရှားပြစ်နိုင် လောက်အောင် စွမ်းဆောင်နိုင်တာ ဖြစ်လို့ ဒါကို အာတာပ လို့ ခေါ်တယ် ။ ပြင်းထန်တဲ့ လုံလ ၀ီရိယ ကြိုးပမ်းအာထုတ်မှု ရှိရမယ်။ ကြိုးပမ်းအားထုတ်တယ် ဆိုတဲ့နေရာမှာ ဘာလိုသေးတုန်း ဆိုလို့ရှိရင် သမ္မဇည ဆိုတာလည်း လိုသေးတယ်တဲ့။ အမှန်အကန် သိဖို့ လိုတယ်ပေါ့။ ဒါကြောင့် သတိမကွာ နေရမယ် ဆိုတဲ့ အချိန်မှာ သတိတစ်ခုတည်းတော့ မဟုတ်ဘူး။ သတိကို ခေါင်းတပ်ပြီးတော့ ပြောတာ။ သတိရဲ့ အထောက်အကူတွေက ဘာတွေတုန်းဆိုရင် ၀ီရိယ က အထောက်အကူ ပြုတယ်။ သမာဓိက အထောက်အကူ ပြုတယ်။ သင်္ကပ ဆိုတဲ့ အတွေးတွေက အထောက်အကူ ပေးတယ်။ ဒီလို သတိကို အထောက်အပံ့ ပြုပေးတဲ့ သဘာဝတရားတွေနဲ့ ယှဉ်တွဲပြီး လုပ်ရတယ်။ ဒါ သတိကို အခြေခံပြီး ဘုန်းကြီးတို့ တစ်တွေဟာ နေ့စဉ်ဘ၀မှာ လေ့ကျင့်ပေးခြင်း ဖြစ်တယ်။ အဲဒီလိုလေ့ကျင့် ပေးလို့ ရှိရင် ကိုယ်လုပ်နေတဲ့ အလုပ်နဲ့ ကိုယ့်ရဲ့ သတိဟာ အမြဲတမ်း အံဝင်ဂွင်ကျ ဖြစ်လာလိမ့်မယ်။ မြတ်စွာဘုရားက သတိထားဖို့ဆိုတာ အကုန်လုံးပဲ။ ဒီသတိပဋ္ဌာန်သုတ်မှာ ဟောထားတဲ့ ဒီအာရုံတွေကို ရယူပေးတာ သတိပဲ။

Monday, July 14, 2014

သတိပဌာန်နည်းစနစ်(အရှင်နန္ဒမာလာဘိဝံသ)

ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေဟာ ဘာသာရေး ကိစ္စအနေနဲ့ တရားဟောခြင်း တရားနာခြင်းကို အဓိကထားပြီး ဆောင်ရွက်ကြတယ်။ လောကမှာ ဘာသာတရားတွေ မြောက်များစွာရှိတဲ့ အထဲမယ် ဗုဒ္ဓဘာသာက “ဘာသာတရား” ဆိုတဲ့အမည်အောက်မှာ ပါဝင်နေသော်လည်း ထာဝရ ဘုရားထံမှာ ဆုတောင်းခြင်း ဆုယူခြင်း ဆိုတာတွေနဲ့ ပက်သက်မှု လုံးဝမရှိဘူး။ မိမိတို့သန္တာန်မှာရှိတဲ့ စိတ်ဓါတ်ဆိုင်ရာ အရည်အချင်းတွေကို စနစ်တကျ ကျင့်သုံးခြင်း မြှင့်တင်ပေးခြင်းဖြင့် အသိညဏ်ရရှိအောင်ကြိုးစားတယ်။ ဘ၀ဒုက္ခ ဘ၀ဆင်းရဲခြင်းမှ လွတ်မြောက်အောင် လိုက်နာ ကျင့်သုံးကြတာ ဖြစ်လို့ တခြားဘာသာတွေနဲ့ များစွာကွာခြားတယ် ဆိုတာ သတိထားဖို့ လိုတယ်။ တခြားဘာသာ တရားတွေမှာ ဆုတောင်းခြင်း ဆုယူတာ အဓိကဖြစ်တယ်။ မိမိတို့ ကိုယ်ပိုင် ဆုံးဖြတ်နိုင်ခွင့် မရှိပဲနဲ့ မိမိတို့ ဘ၀ကို ပိုင်ဆိုင်ပြီးတော့ အဆုံးအဖြတ်ပေးနေတဲ့ တန်ခိုးရှင်ကြီး တစ်ဦးရှိနေတယ် ဆိုတာ ယုံကြည်ကြတယ်။ ထိုတန်ခိုးရှင်ကြီး ပြောသမျှ ဆိုသမျှ ဆုံးမ သြ၀ါဒပေးသမျှကို လိုက်နာကျင့်သုံးပြီး မိမိတို့ဘ၀ကို အပ်နှံထားရတဲ့ အနေအထားမျိုးပေါ့။ ဗုဒ္ဓဘာသာမှာတော့ အဲဒီလို မဟုတ်ဘူး။ ဘုရားကို ကိုးကွယ်တဲ့ နေရာမှာ အမှန်တရားကို ထုတ်ဖေါ်ဟောကြားတဲ့ အနေနဲ့ ကိုးကွယ်တာ၊ ဘုရားဟောတဲ့ မှန်ကန်တဲ့ လမ်းစဉ် တစ်ရပ်ကို သင်ယူပြီး မိမိကိုယ်တိုင် ကိုယ့်ကိုယ့်ကိုကောင်းအောင် ပြုပြင်ပြီး ကျင့်သုံးလိုက်နာတဲ့ နည်းစနစ်ဖြစ်တယ်။ ဒီတော့ နည်းစနစ်ခြင်းမတူဘူးနော် ။ ဒါကြောင့်မို့ သတိမကွာ အသိပညာဖြင့် နေထိုင်ခြင်း ခေါင်းစဉ်ထားပြီး ရေးသားမှာ ဖြစ်တယ်။ မြတ်စွာဘုရားက ရဟန်းတို့ သတိမကွာ အသိပညာရှိလျက် နေထိုင်ကြရမယ် ။ လို့ဟောတယ်။ မြတ်စွာဘုရားက ဘ၀မှာ ဘယ်လိုနေထိုင်ရမယ် ဆိုတာ ညွှန်ပြတယ်။ နေနည်းထိုင်နည်း ကိုသင်ကြားပေးတယ်။ ကျွန်တော်တို့တစ်တွေက သင်ယူပြီး အဲဒီနည်းစနစ်အတိုင်း ကျင့်သုံးနေထိုင်ဖို့ပဲ။ အဲဒီနည်းစနစ် အတိုင်း ကျင့်သုံးနေထိုင်ရင် အသိညဏ်တွေ ရလာနိုင်တယ်။ ထိုထူးခြားတဲ့ အသိညဏ်တွေရမှ မိမိရဲ့ ဘ၀မှာ ကြုံတွေ့ကြရတဲ့ စိုးရိမ်မှုတွေ ဒေါမနသဆိုတဲ့ ကြေကွဲဝမ်းနည်းမှုတွေ စတဲ့ ဘ၀ရဲ့ ဒုက္ခတွေကို ကျော်လွားနိုင်မှာ ဖြစ်တယ်။ တကမ္ဘာလုံး အတိုင်းအတာနဲ့ လိုက်ကြည့်မယ်ဆိုရင် လောက လူသားတွေဟာ နေ့စဉ်နဲ့အမျှ ရုန်းကန်နေကြရတယ်ဆိုတာ အင်မတန် ထင်ရှားတယ်။ စီးပွားရေးနဲ့ ရုန်းကန်နေကြတယ်။ လူမှုရေးနဲ့ ရုန်းကန်နေကြရတယ်။ ပညာရေးနဲ့ ရုန်းကန်နေကြရတယ်။ ထိုရုန်းကန်နေတဲ့ အခါမှာ အဆင်ပြေတဲ့ အခါရှိသလို အဆင်မပြေတာလည်း ရှိတယ်။ အခြေအနေ အရအမြဲတမ်းအဆင်ပြေ နေတယ်လို့ မရှိနိုင်ဘူး။ အခြေအနေ အရပ်ရပ်ကို ထောက်ထားပြီး အဆင်မပြေတဲ့ အခါမှာ စိတ်ဖိစီးမှုဒဏ်တွေကို ခံစားကြရတယ်။ သောက ဆိုတာ ကိုယ်မဖြစ်စေချင်တာ တစ်ခုခု ဖြစ်လာတော့မယ် ဆိုရင် ကြိုတင်ပြီး စိတ်ထဲမှာ မငြိမ်မသက် ဖြစ်ပြီး ပူတဲ့သဘော။ မဖြစ်ချင်တာတွေ ဖြစ်လာတော့မယ် ဆိုရင် စိုးရိမ်စိတ်တွေ ပေါ်လာတာ ၊ ဒါကိုသောကလို့ ခေါ်တယ်။ (သို့မဟုတ်) မဖြစ်ချင်တာတွေ ဖြစ်သွားပြီ ဆိုရင်လည်း သောက ဆိုတာ ပေါ်လာတယ်။ ဒေါမနသ ဆိုတာကတော့ စိတ်ထဲမှာ အလိုမကျ ဖြစ်တာ၊ မိမိ စိတ်တိုင်းကျ မဖြစ်ဘူး၊ အလိုမကျ ဖြစ်လာတယ် ဆိုရင် ခံစားမှု တစ်ခု ဖြစ်ပေါ်လာတယ်။၊ အဲဒီခံစားမှုကို ဒေါမနသ စိတ်ဆင်းရဲမှု လို့ပြောတာ။ အဲဒီ သောကတို့ ဒေါမနသတို့ ဆိုတာတွေက လူတွေရဲ့ စိတ်ထဲမှာ ထင်ရှားပေါ် လာတတ်ပြီး လူမျိုးမရွေး ဘာသာမရွေး ပုဂ္ဂိုလ်တိုင်းမှာလိုလို ဖြစ်တယ်၊ အဲဒီ သောက ဆိုတာ ဘာကြောင့်ဖြစ်သလဲ, ဒေါမနသဆိုတာ ဘာကြောင့်ဖြစ်သလဲ ? အကြောင်းတရားကို မရှာနိုင်ဘူး။ ထိုအကြောင်းတရားကို မဖယ်ရှားနိုင်ဘူး ဆိုရင် ဒီသောက ဟာ ဆက်ပြီးလာနေမှာပဲ, ဒေါမနသ ဆိုတာလဲ ဆက်ပြီးဖြစ်နေမှာပဲ၊ ဘယ်အရာပဲ ဖြစ်ဖြစ် ဆိုင်ရာဆိုင်ရာ ကြောင်းတရားတွေ ကိုမှီပြီး ဖြစ်ရတာ။ ဒါကြောင့် အကြောင်းတရားတွေကို သိဖို့ရာ အင်မတန်မှ အရေးကြီးတယ်။ လောကလူသားတွေဟာ ဆိုင်ရာဆိုင်ရာ အကြောင်းတရား အစစ်အမှန်ကိုမသိတဲ့ အတွက် သောက ပြေပျောက်ရာ ပြေပျောက်ကြောင်းကို မမှန်ကန်တဲ့ နည်းမျိုးစုံ အသုံးပြုကြတယ်ပေါ့။ အဲဒီနည်းမျိုးစုံတွေထဲမှာ တချို့ကလည်း လုံးဝမေ့ပြစ်ဖို့ ကြိုးစားကြတယ်၊ ကြိုးစားတဲ့ အခါမှာ အကူအညီတွေ အသုံးပြုပြီး ကြိုးစားတယ်။ ဘာတွေ အကူအညီ ယူတုန်းဆိုတော့ မူးယစ်ဆေးဝါး အကူအညီနဲ့လည်း သောကကို ဖြေဖျောက်ကြတာပေါ့။ နောက် တခြားနည်းတွေ သုံးပြီးတော့လည်း ဖြေဖျောက်ကြတယ်။ တကယ်ကတော့ ဒါဟာ ပြေပျောက်သွားတာ မဟုတ်ဘူး။ အကြောင်းတရားက ကိုယ့် သန္တာန်မှာ ရှိနေသည့် အတွက် ခေတ္တခဏ စိတ်ထဲမှာ ပေါ့ပါးသွား သလို ဖြစ်ပေမယ့် ဒုက္ခတစ်ခု ပြသနာ တစ်ခု ထပ်တိုးလာတယ်။အဲဒါမျိုးဟာ အဖြေ မဟုတ်ဘူး။ မြတ်စွာဘုရား ဟောတဲ့ တရားကတော့ ဒီလို မဟုတ်ဘူး၊” နောက်ထပ် ပြသနာတစ်ခု ထပ်မတက်ဘဲ လက်ရှိ အနေအထားတစ်ခုကို မှန်မှန်ကန်ကန် အသိညဏ်နဲ့ စဉ်းစားတွေးခေါ်ပြီး အမှန်သိပြီး stress လို့ခေါ်တဲ့ ဒီစိတ်ဖိစီးမှုတွေကို လျှော့ချနိုင်တဲ့ နည်းစနစ်”ဖြစ်တယ်။ ကမ္ဘာမှာ ကြီးပွားတိုးတက်ပြီး အဆင်ပြေနေတဲ့ ပုဂ္ဂိုလ်တွေမှာ စိတ်ဖိစီးမှုတွေ ရှိတာပဲ။ အဆင်မပြေတဲ့ ပုဂ္ဂိုလ်မှာလည်း stress က ရှိတာပဲ။ ဒီဖိစီးမှုတွေက လူတွေရဲ့စိတ်ကို အမြဲတမ်း လွှမ်းမိုးနေတယ်။ ဒီကနေ့ခေတ်မှာ ပိုပြီး ထင်ရှားတယ်ပေါ့။ အားလုံးဟာ ယှဉ်ပြိုင်ပြီး ပြေးလွှား နေကြရတယ်။ ဟို တိုးတက်ပါတယ် ဆိုတဲ့ နိုင်ငံတွေမှာ ပိုပြီးတော့ stress တွေ များတယ်။ ဒီ stress တွေကို လျော့ချဖို့ နည်းစနစ်တွေထဲမှာ တခြားနည်းက ဖြစ်ကောင်း ဖြစ်နိုင်သော်လည်းပဲ ထိုလျော့ချမှုဟာ အစဉ်ထာဝရ ငြိမ်းချမ်းသွားတဲ့ အဆင့်ကို ရောက်နိုင်ဖို့ကတော့ အင်မတန်မှ ခဲယဉ်းတယ်။မြတ်စွာဘုရား ဟောကြားတော်မှုခဲ့တဲ့ နည်းစနစ်က သာလျင် အစဉ်ထာဝရ လျော့ချနိုင်တဲ့နည်းစနစ်မျိုးဆိုတာ သေချာတယ်။ ဘုန်းကြီးတို့ မနှစ်က ကိုရီးယားနိုင်ငံ အဘိဓမ္မာ သင်တန်း သွားပို့ချတဲ့အခါမှာ Dongkuk University က ပါမောက္ခတွေ ၊ တခြား University ကပါမောက္ခတွေ ကထိကတွေ လာပြီး သင်တန်း တက်ကြတယ်။ အဘိဓမ္မာဆိုတာ ဘ၀နဲ့ အနီးစပ်ဆုံးပဲ ။ ကိုယ့်သန္တာန်မှာ ဖြစ်နေတဲ့ သဘာဝတရား ကို လေ့လာတဲ့ ပညာရပ် တစ်ခုပဲပေါ့။ အဲဒီမှာ သင်တန်း စီမံဆောင်ရွက်တဲ့ ထေရ၀ါဒ ကိုရီးယား ရဟန်းတော်က ဘုန်းကြီးနဲ့တွေဖို့ တစ်နေ့ ငါးဦး စီစဉ်ပေးတယ်။ မေးချင်တာလေး မေးဖို့ဆိုပြီး သင်တန်းပြီးတဲ့ အချိန်ပိုင်းလေးမှာ လာလာ တွေ့ကြတယ်။ တက္ကသိုလ်က ပါမောက္ခ ဆရာ ဆရာမ တွေက သူတို့ကိုယ်သူတို့ ပါမောက္ခပါ ကထိကပါ ဆိုပြီး မိတ်ဆက်ကြတယ်။ ဘုန်းကြီးက မေးကြည့်တယ်။”တက္ကသိုလ်မှာ ဘာပညာရပ်ကို ပို့ချသလဲ”။ ဆိုတော့ တစ်ဦးက ဖြေတယ်။သူပို့ချတဲ့ ဘာသာရပ်က MBSR တဲ့။ MBSR ဆိုတာ ဘာပြောတာလဲ မေးလိုက်တော့ Mindfulness Based Stress Reduction တဲ့။ သတိတရား ကိုအခြေခံ ထားပြီးတော့ စိတ်ဖိစီးမှုကို လျော့ချခြင်း လို့ဆိုတဲ့ ဘာသာရပ်တဲ့။ အဲဒီ ဘာသာရပ်က ဘယ်ကလာတုန်း လို့မေးတော့ အမေရိကန်က လာပြီး သူတို့ဆီမှာ ပို့ချတာတဲ့။ အဲဒီ ပညာရပ်က တကယ်တမ်း ကြည့်လိုက်တဲ့အခါ မြန်မာနိုင်ငံက သွားတဲ့ သတိပဋ္ဌာန် နည်းစနစ် တစ်ခုပဲ။ အဲဒီ သတိပဋ္ဌာန်နည်း ကိုအသုံးပြုပြီး mind fulness ဆိုတဲ့ သတိကို အခြေခံထားပြီး စိတ်ဖိစီးမှုကို လျော့ချတယ်၊ ဒီနည်းစနစ်ကို သူတို့က ပညာရပ်တစ်ခု အနေနဲ့ တက္ကသိုလ်မှာ သင်နေကြတယ်။ ဘုရားဟောတဲ့ တရားကိုပဲ လိုအပ်ချက်တွေနဲ့ အညီ သင်ကြားနေကြတာ၊ သင်ကြားနေပုံ အသေးစိတ်ကိုတော့ မမေးခဲ့ဘူး။ အဲဒီတော့ မြန်မာနိုင်ငံမှာ မြတ်စွာဘုရား ဟောကြားထားတဲ့ တရားဓမ္မတွေ ထွန်းကားနေလို့ ထိုထိုကမ္မဋ္ဌာန်း ရိပ်သာတွေမှာ ဒီနည်းစနစ်တွေကို ဟောပြောပြီး လက်တွေ့လည်း ကျင့်သုံးနေကြတယ်ပေါ့။ ကမ္ဘာမှာလည်း ဒီကနေ့ခေတ်မှာ ဗုဒ္ဓမြတ်စွာ ဟောကြားတဲ့ meditation ဆိုတဲ့ နည်းစနစ်ကို ကျန်းမာရေး အတွက် စိတ်ဖိစီးမှု လျော့ချရေးအတွက် အသုံးပြုနေကြတာကို သိရတယ်။ အဲဒီတော့ မြတ်စွာဘုရား ကိုယ်တိုင် ဒီမှာ သတိမကွာ အသိပညာဖြင့် နေထိုင်ခြင်း ဆိုတဲ့ နည်းစနစ်ကို ဟောကြားတော်မူခဲ့တယ်။ သို့သော် ဒီနေရာမှာ သတိမကွာ အသိပညာဖြင့် နေထိုင်ခြင်း ဆိုတာကို အဆင့်ဆင့် ပြောလို့ရတယ်။ သာမန်လူမှုကိစ္စ ဆောင်ရွက်နေကြတဲ့ ပုဂ္ဂိုလ်တွေလည်း သူ့လုပ်ငန်းပေါ်မှာ သူ အမြဲတမ်း သတိရှိတယ် အသိပညာဖြင့် နေတယ်၊ လို့ပြောတာပဲ။ အဲဒါမျိုးကို ဆိုလိုတာလား။ လူတွေက သတိ အသိ ဆိုပြီး ပြောနေကြတယ်လေ။ သတိရှိတယ် အသိရှိတယ်၊ အဲဒီအားလုံးဟာ မြတ်စွာဘုရား ရဲ့ သွန်သင်ချက်နဲ့ ကိုက်ညီသလား။ အခြေခံအားဖြင့် အဲဒါကို ဆိုလို တာလား။ ဒီစကားလုံးနဲ့ ပက်သက်လာရင် သာမာန်အားဖြင့် ကြည့်မယ်ဆိုရင် အသွင်သဏ္ဍန်က တူနေသော်လည်း အနှစ်သာရ ပိုင်းမှာအလွန် ကွာခြားနိုင်တယ်။ မြတ်စွာဘုရား ဆိုလိုတဲ့ သတိမကွာ အသိပညာဖြင့်နေခြင်း ဆိုတာ ဘယ်ပုံနေတာလဲ? ဘုရားကိုယ်တိုင်က သုတ္တန်မှာ ရှင်းပြထားတယ်၊ ဒီတော့ သာမာန် သတိမကွာ အသိပညာနဲ့ နေတာမျိုးကို ဆိုလိုတာ မဟုတ်ဘူး။ တကယ့်ကို ရင်တွင်းမှာ ဖြစ်ပေါ်နေတဲ့ သောကတို့ ဒေါမနသတို့ ဆိုတဲ့ စိတ်နှလုံးရဲ့ ပူလောင်မှုတွေကို လွန်မြောက်သွားဖို့ အဲဒါတွေ ချုပ်ငြိမ်း တဲ့ဘ၀မှာ ပြီးတော့ငြိမ်းချမ်း သာယာတဲ့ ဘ၀မှာ ရပ်တည်နိုင်ဖို့ ဘယ်လို သတိမကွာ နေရမှာလဲ? ဘယ်လိုအသိပညာနဲ့ နေရမှာလဲ? ဒါကို အတိအကျ သိဖို့ လိုတယ်ပေါ့နော်။ သာမာန် လူပြောသူပြော ပြောတဲ့ သတိနဲ့ နေတာကို ဆိုလိုတာ မဟုတ်ဘူး။ သာမာန်ပြောကြတဲ့ အသိပညာနဲ့ နေတာကို ဆိုလိုတာ မဟုတ်ဘူး။ မြတ်စွာဘုရား ကိုယ်တိုင်က ဒီနည်းစနစ်တွေကို သုတ္တန်နှစ်ခုမှာ ဟောပေးထားတယ်။ မြန်မာနိုင်ငံမှာ ထင်ရှားပြီး လူသိများတဲ့ မဟာသတိပဋ္ဌာန်သုတ် မှာလည်းပဲ ဒီနည်းစနစ်ကို ပေးထားတာရှိတယ်။ ဒီနည်းစနစ်ဟာ သာမာန်အားဖြင့် ကြည့်မယ်ဆိုရင် အချို့အချို့ ပုဂ္ဂိုလ်တွေက ဒါဘာသာရေးလုပ်ငန်းပဲ ထင်ကောင်းထင်လိမ့်မယ်။ လူမှုရေးနဲ့ မဆိုင်ဘူး။ စီးပွားရေးနဲ့ မဆိုင်ဘူး၊ ပညာရေးနဲ့ မဆိုင်ဘူး။ နိုင်ငံရေးနဲ့ မဆိုင်ဘူး လို့ မြင်ကောင်း မြင်လိမ့်မယ်။ သို့သော် မြတ်စွာဘုရား ဟောကြားထားတဲ့ နည်းစနစ်တွေဟာ ဘာသာရေး သက်သက်လည်း မဟုတ်ဘူး။ ပညာရေးသက်သက်လည်း မဟုတ်ဘူး။ လူမှုရေး သက်သက်လည်း မဟုတ်ဘူး။ ဘ၀တစ်ခု လုံးရဲ့ အရေးအတွက် ဟောထားတာ၊ ဘ၀ ရထားတဲ့ ပုဂ္ဂိုလ်တိုင်း ဒီနည်းစနစ်ကို ကျင့်သုံးကြရ မှာဖြစ်တယ်။ ဗုဒ္ဓဘာသာဝင်ဖြစ်စေ ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ ပုဂ္ဂိုလ်ဖြစ်စေ ဒီနည်းစနစ် အတိုင်း လိုက်နာကျင့်သုံးရင် အကျိုးတရားရမှာပဲ။ တရားကို ကျင့်သုံးတယ်ဆိုတာ ဗုဒ္ဓဘာသာဝင်ဖြစ်မှ ကျင့်သုံးရတာ မဟုတ်ဘူး။ ဗုဒ္ဓဘာသာဝင် မဟုတ်လည်း ကျင့်သုံးလို့ရတယ်။ ဘာဖြစ်လို့တုန်းဆိုရင် တရားဆိုတာ The law of nature ပဲ။ သဘာဝပဲ။ လမ်းကြောင်းနဲ့ အလားသဏာန်တူတယ်။ လမ်းကြောင်းဆိုတာ လူတိုင်း လျှောက်လို့ ရတယ်။ ဥပမာ ရွှေတိဂုံဘုရားကို ဦးတည်ထားတဲ့ လမ်းကြီးဆိုပါစို့။ အဲဒီလမ်းကြောင်းပေါ် လျှောက်သွားလို့ရှိရင် ရွှေတိဂုံ ဘုရားကို ရောက်ချင်တဲ့သူရော မရောက်ချင်တဲ့သူရော ရောက်သွားမှာ သေချာတယ်။ ဒီလမ်းကြောင်းပေါ် လျှောက်မယ်ဆိုရင် ရောက်တာချည်းပဲ မရောက်တဲ့ သူမရှိဘူး။ အဲတာမျိုးလိုပဲ မြတ်စွာဘုရားဟောကြားတဲ့ တရားဓမ္မဟာ လူတိုင်းနဲ့ သက်ဆိုင်တဲ့ တရားဖြစ်တယ်။ ဘာသာရေး သက်သက် မဟုတ်ဘူး။ နေ့စဉ်ဘ၀မှာ လိုအပ်ချက်တွေ ရှိတယ်။ ဘာဖြစ်လို့ လိုအပ်ချက်တွေ ရှိတာတုန်းဆိုတော့ ဘုန်းကြီးတို့တတွေ နေ့စဉ်နဲ့အမျှ သောကနဲ့ နေကြရတယ်။ စိတ်ဆင်းရဲမှုတွေ ကြုံတွေ့ကြရတယ်။ အေး။ တပည့်တော်တို့ကတော့ အဆင်ပြေနေလို့ ဘာသောကမှမရှိဘူး လို့ ပြောကောင်းပြောလိမ့်မယ်။ မရှိဘူးလို့ ပြောလို့မရဘူး။ မကြုံသေးတာပဲရှိတယ်။ သောကမရှိတဲ့ သူဆိုတာ မရှိဘူး။သောကဟာ ရှိနေကြတာပေါ့။ သာမာန်ပုထုဇဉ် မှန်သမျှမှာ သောကတို့ ဒေါမနသတို့ ဆိုတာတွေဟာ စိတ်ရဲ့ ဖိစီးတွေအနေနဲ့ ရှိနေကြတယ်။ အဲဒီ ရှိနေတာတွေကို မဖယ်ထုတ်နိုင်လို့ရှိရင် ငြိမ်းချမ်းတဲ့ ဘ၀ ချမ်းမြေ့သာယာတဲ့ ဘ၀လို့ ဘယ်လိုပဲစကားလုံး လှလှ သုံးထားထား ဘယ်သူမှ ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်မယ် မဟုတ်လား။ သ

Sunday, July 13, 2014

အရိမေတ္တယျဘုရားအကြောင်း

ဘုရားပွင့်တဲ့ ကံကော်ပင်ရဲ့ လုံးပတ်က အဲဒီခေတ်အခါမှာ ရှိတဲ့ လူတွေရဲ့ အတောင်နဲ့ အတောင် ခုနှစ်ဆယ် ရှိမယ်တဲ့။ အကိုင်းအခက် ကိုးကိုင်း ၊ခက်မကိုးဖြာလို့ခေါ်တယ်။ ကံကော်ပင်ရဲ့ အနံ့တွေက လေအောက်ကို ဆယ်ယူဇနာ မွှေးမယ်။ လေအထက်ကို ဆယ်ယူဇနာ မွေးမယ်။ ကံကော်ပွင့်တွေကလည်း နွားလည်း ဘီးလောက်ကြီးမယ်။ ဘုရားဖြစ်တဲ့နေ့က စ၍ ပွင့်ကြတဲ့ ကံကော်ပွင့်တွေက ဘုရားပရိနိဗ္ဗာန်စံတဲ့အထိ အမြဲတမ်း လန်းဆန်းနေပြီးတော့ ဘုရားပရိနိဗ္ဗာန်စံတဲ့ နေ့ကြမှ ကြွေကျတော့မှာတဲ့။ အဲဒီကံကော်ပင်ကို ဘယ်ငှက်သတ္တ၀ါမှ မနားဝံ့ကြ။ ဖြတ်ကျော် မပျံဝံ့ကြတော့ဘူး။ ကံကော်ပင်နားရောက်တဲ့ ငှက်စတဲ့ သတ္တ၀ါတိုင်း ကံကော်ပင်ကို လက်ယာရစ် သုံးပတ် ပတ်ပြီးမှ သွားကြလိမ့်မယ်။ အဲဒီကံကော်ပင်ရဲ့ အနီးအနားမှာပဲ သီတင်းသုံးနေတဲ့အချိန် လေးဆယ့်ကိုးရက် ကျော်လွန်တဲ့အခါ ပွင့်တော်မူသွားကြတဲ့ ဘုရားရှင်တိုင်းတို့ရဲ့ ထုံးတမ်းစဉ်လာအရ ဗြဟ္မာမင်းကြီး ရဲ့ လောကဂရုကို ခံယူလိမ့်မယ်။ လောကဂရု ယူပုံက ရောဂါဝေဒနာ အမျိုးမျိုးနှိပ်စက်ခံနေရတဲ့ လူနာထံကိုကုသဖို့ရာ ရောက်လာတဲ့ဆရာက အဘယ်ကုထုံး အဘယ်ဆေးနည်းများဖြင့် ဤလူနာ၏ အနာရောဂါကို ပျောက်ငြိမ်းအောင် ကုစားရပါမည်နည်း လို့ ကြံစည်၍ နေရသကဲ့သို့ ကိလေသာရောဂါ အမျိုးမျိုး လွှမ်းမိုးနှိပ်စက်ခံနေရတဲ့ သတ္တ၀ါအပေါင်းတို့ကို အဘယ်တရားများဖြင့် အဘယ်သတ္တ၀ါတို့ကို ဟောကြားရပါမည်နည်းဟု သတ္တ၀ါတွေ တရားကို သိနိုင်ရေးကို ကြံတွေးဆင်ခြင်သည့် စိတ်စဉ်ဖြစ်နေတာကို လောကဂရုယူတယ် လို့ခေါ်တယ်။ သတ္တ၀ါလူသားတွေဟာ သာသနာပြင်ပ ဘုရားမပွင့်မှီ ဗာရီရကာလမှာ ဘုရားက မပွင့်သေးတော့ တရားမနာရ။ မနာရတော့ အပြစ်ရှိတဲ့တရား အပြစ်မရှိတဲ့တရားမှန်းမသိ။ မသိတော့ နေချင်သလိုနေ၊ သွားချင်သလို သွား၊ စားချင်သလိုစား၊ ကာမဂုံအာရုံတွေနဲ့ ပျော်နေတော့ အနိစ္စကို နိစ္စလို့ထင်၊ ဒုက္ခကို သုခလို့ထင်၊ အနတ္တကို အတ္တလို့ထင်၊ အသုဘကို သုဘလို့ ထင်နေကြပြီး ပျော်မွေ့နေတော့ တရားဟောဖို့ရာ ခဲယဉ်းနေတယ်။ မြတ်စွာဘုရား ဟောရမှာ နိစ္စထင်နေတာကို အနိစ္စလို့ မြင်အောင်ဟောရမှာ။ သုခထင်နေတာကို ဒုက္ခလို့မြင်အောင် ဟောကြားရမှာ။ အတ္တသမားတွေကို အနတ္တသမားဖြစ်အောင် ဟောရမှာ သုဘထင်နေတာကို အသုဘလို့ မြင်လာအောင် ဟောရမှာဆိုတော့ အဘယ်သို့သော နည်းပရိရာယ်မျိုးတွေနဲ့ အိုနာသေမှ လွတ်မြောက်အောင် အမှန်ကို အမှန်တိုင်းမြင်လာအောင် ဘယ်တရား ဟောရပါ့မတုန်းလို့ ဘုရားဖြစ်ခြင်း လောလောဆယ် တရားဟောရန် အားမထုတ်သေးသော အနေဖြင့် စိတ်တော်အစဉ်ညွှတ်ပြီး နေတော်မူတဲ့ အချိန်- ဗြဟ္မာမင်း မြတ်စွာဘုရားရဲ့ စိတ်အကြံသိတဲ့ အခါ ဗြဟ္မာအပေါင်း တစ်သောင်းခြံရံလျက် မြတ်စွာဘုရားထံ ရောက်လာပြီးတော့ ဘုန်းတော် ကြီးတော်မူသော မြတ်စွာဘုရား၊ လူနတ်ဗြဟာသတ္တ၀ါ အပေါင်းတို့အား တရားဟောတော်မူပါဘုရား၊ အသိညဏ်ပညာ မျက်စိ၌ ကိလေသာမြူမှုန် ကာမဂုံအာရုံ နည်းပါးကြ၍ ပါရမီဓါတ်ခံ အခြေခံပါတဲ့ ပုဂ္ဂိုလ်များစွာရှိပါတယ်ဘုရား၊ အဲဒီပုဂ္ဂိုလ်တွေက မြတ်စွာဘုရား ဟောကြားမည့် တရားတော်ကို သိမြင် နားလည်နိုင်သော ပုဂ္ဂိုလ်တွေကို ငဲ့ငြာသနားသောအားဖြင့် တရား ဟောတော်မူပါဘုရား လို့ လျှောက်တော့ မြတ်စွာဘုရားက လက်ခံတော်မူလိုက်တယ်။ ဗြဟ္မာမင်းတောင်းပန်မှ တရားဟောရတာက ပွင့်တော်မူသွားတဲ့ ဘုရားရှင်တိုင်းရဲ့ ဓမ္မတာဖြစ်လို့ ဟောရတာ။ ဘုရားမပွင့်မှီ ဗာရီရ ကာလမှာ လူဝတ်ကြောင်များ ရသေ့ပရဗိုဇ် ရဟန်းပုဏ္ဏားတို့တွေဟာ ဗြဟ္မာကိုသာ အလေးပြု ကိုးကွယ်နေကြတာ။ တစ်လောကလုံးက အလေးအမြတ်ပြုသော ဗြဟ္မာကြီးက မြတ်စွာဘုရားကို အလေးပြု ညွှတ်တွား ကိုင်းရှိုင်း လာလျှင် တစ်လောကလုံးပင်မြတ်စွာဘုရားကို အလေးပြုညွှတ်တွား ကိုင်းရှိုင်းလာလိမ့်မယ်။ အဲဒါကို လောကဂရု ယူလိုက်တာခေါ်တယ်။ ဗြဟ္မာမင်းထံမှာ တရားဟောဖို့ရန် ၀န်ခံပြီးတယ် ဆိုရင်ပဲ ဣသိပတန ဥယျာဉ်တောသို့ ဓမ္မစကြာတရား ဟောဖို့ရန် ကြွလိမ့်မယ်၊ ဘုရားရှင်ခြေတော် အစုံကို ခံအံ့သောငှာ မြေကြီးကိုခွဲရ အတောင်သုံးဆယ်ရှိတဲ့ ကြာပွင်ချပ်ကြီး၊ ၂၅-တောင်ရှိတဲ့ ကြာပွင့်ငယ်တွေက ဘုရားရှင် ခြေချတိုင်း ပွင့်ပေးလိမ့်မယ်၊ လူပရိသတ် ၁၆-ယူဇနာ၊ နတ်ပရိတ်သတ် စကြာဝဋ္ဌာတိုက်အပြည့်၊ ဗြဟ္မာပြည် အထက်ဆုံး အကနိဋ္ဌဘုံတိုင်အောင်သော ပရိသတ်တွေကို ထန်းသီးလုံးလောက်ကြီးသော ရောင်ခြည်တော် ၆ -ပါးလွှတ်၍ ဓမ္မစကြာတရားဟောတဲ့အခါ လူပုဂ္ဂိုလ် ကုဋေ တစ်သိန်း၊ နတ်ဗြဟ္မာတွေက ကုဋေတစ်သိန်း ကျွတ်တမ်း ၀င်ကြလိမ့်မယ်။ ဓမ္မစကြာတရားဦးဟောတဲ့ နေ့အချိန်က စပြီးတော့ လူလည်းမကိုင် ၊နတ်လည်း မကိုင်၊မီးလည်း မလောင်၊ မိုးရွာလို့ မိုးမစို၊ မြူမှုန်အမှိုက် သရိုက်တွေလည်း မတင်သော ရွှေပန်းဆိုင်း ငွေပန်းဆိုင်း ၊ သန္တာပန်းဆိုင်း၊ ပုလဲပန်းဆိုင်းတို့ဖြင့် တန်ဆာဆင်လျက် ရတနာ ၇-ပါးနှင့် ပြည့်စုံပြီး ၁၂-ယူဇနာ ကျယ်ဝန်းတဲ့ ဗိတာန်မျက်နှာကျတ်သည် ဓမ္မစကြာတရားဦး ဟောတဲ့နေ့မှစ၍ ပရိနိဗာန်ဝင်စံသည့် တိုင်အောင် နေ့ည အမြဲပင် လိုက်ပါ၍ မျက်နှာကျတ်အဖြစ် မိုးကာ၍နေမယ်။ အဲဒါ အဘယ်ကုသိုလ်ကြောင့်လဲ ဆိုရင် အဇိတရဟန်း ဘ၀မှာ မိထွေးတော် ဂေါတမီလှူဒါန်းတဲ့ ရွှေပုဆိုး အ၀တ်ကို ဂေါတမဘုရားအား မျက်နှာကျတ်အဖြစ် လှူဒါန်း၍ ဆုတောင်းခဲ့တဲ့ ကုသိုလ်ကြောင့်ရတာ။ အရိမေတ္တာယျ ဘုရားရှင် အခြံအရံ နောက်ပါရဟန်း ကုဋေတစ်သိန်းခြံရံ လျက် တရားဓမ္မတွေ ဟောပြော ပြသတဲ့အခါမှာ သင်္ခစကြာဝတေးမင်းက ရတနာ ၇-ပါးနှင့်ပြီးသော ပြသာဒ်ကျောင်းဆောင်ကို ဘုရားအမှူးရှိသော သံယာတော်တို့အား ဆောက်လုပ် လှူဒါန်းခြင်း တို့ ပြီးဆုံးတဲ့အခါမှာ မြတ်စွာဘုရားထံ ချည်းကပ်ပြီး ပရိသတ် ၈၄၀၀၀-ခြံရံလျက် ဟေဘိက္ခု ရဟန်းပြုကြလိမ့်မယ်။ သင်္ခမင်း၏ မိဖုရားဝိသာခါလည်း မောင်းမအပေါင်း ၈၄၀၀၀ ခြံရံလျက် ဧဟိဘိက္ခု ရဟန်းပြုကြလိမ့်မယ်။ မေတ္တယျဘုရား နေသန့်စင် သောအခါနေဖို့ရာအတွက် မြေကြီး တို့ကိုခွဲ၍ရတနာ ၇ ပါးနှင့်ပြည့်စုံ သော ၁၂ ယူဇနာကျယ်ဝန်းတဲ့ ရွှေ မဏ္ဌပ်ကြီး ပေါ်ပေါက်လိမ့်မယ်။ ရွှေမဏ္ဌပ်အလယ်မှာ ပတ္တမြားပလ္လင် ပေါ်ပေါက်လိမ့်မယ်။ ရွှေမဏ္ဌပ်ပတ်ဝန်းကျင်မှာ ရွှေအိုး ငွေအိုးl ပတ္တမြားအိုးတွေနဲ့ ပြည့်စုံနေလိမ့်မယ်။ လူလည်းမထွန်း နတ်လည်းမထွန်းl ရတနာဆီမီးခွက် ဆီမီးတိုင်တို့ဟာ တပြောင်ပြောင် တလက်လက် ရှိနေလိမ့်မယ်။ ရွှေမဏ္ဌပ်ထောင့် လေးထောင့်မှာ အတောင် ၃၀ ဆယ်ရှိတဲ့ ခေါင်းလောင်းကြီးတွေ တွဲလဲစွဲလျက် ခေါင်းလောင်းသံတွေကလည်း စကြာဝဋ္ဌာတိုက် တစ်ခုလုံးကြားရမယ်။ ဘုရားတန်ခိုးတော်ကြောင့် ဗိတာန်ပန်းဆိုင်း တုရင်တိုင်း ထီးတံခွန် ဆီမီးတန်ဆောင် ရတနာ မဏ္ဌပ်ကြီးဟာ မေတ္တယျဘုရား တရားဟောရာ ဌာနတိုင်းမှာ အိမ်မှာဟောမယ်ဆို အိမ်ပေါက်ဝ ကျောင်းမှာဟောမယ်ဆို ကျောင်း ပေါက်ဝl မြို့မှာဟောရင်မြို့မှာ ဟောတဲ့နေရာl တောမှာဟောရင် တောမှာဟောတဲ့နေရာ အစရှိတဲ့ နေရာတိုင်းမှာကောင်းကင်ယံက နေပြီးတော့ အမြဲတမ်း ပရိနိဗ္ဗာန်စံ တဲ့အထိ လိုက်ပါနေမှာ။ အရိမေတ္တယျဘုရားဟော တဲ့အခါမှာ ဘယ်မြို့ ဘယ်ဒေသ ဘယ်အရပ် ဘယ်မြို့ရွာဒေသ ဇနပုဒ်။ အိမ်ကပဲဟောဟော စကြာဝဋ္ဌာတိုက် တစ်သောင်းလုံး ဘုရားရှင်ရဲ့တရား ဟောအသံတော်ကို ကြားနေရမယ်။ ဘုရားရှင်ရဲ့ ပုံသဏ္ဋာန်တော်ကိုလည်း မြင်ရမယ်။ ဘာသာ အယူဝါဒနဲ့ပြောရင် ယှဉ်ပြိုင်ဝါဒl ယှဉ်ပြိုင်ဘုရားရယ် လို့မရှိ။ ဗုဒ္ဓဘာသာ တစ်ခုသာရှိမယ်။ သေသွားတဲ့ပုဂ္ဂိုလ်တွေဟာ လည်း နိဗ္ဗာန်ရယ် နတ်ပြည် ဗြဟ္မာပြည် တွေပဲ ရောက်ကြမှာ။ ငရဲရောက် သူမရှိ။ အပါယ်လေးဘုံ ငရဲမှာ ရောက်ပြီးသား အဟောင်းတွေပဲရှိမယ်။ ဘုရာတန်ခိုးတော်ကြောင့် ၃၁ ဘုံ အကာအရံမရှိl ဖီလာထုတ်ချင်း ပေါက်မြင်ကြရမှာ။ အပေါ်ကြည့်ရင် နတ်သား နတ်သမီး ဗြဟ္မာတွေကို မြင်ရမယ်။ အောက်ငုံ့ကြည့်ရင် ငရဲပြည်မှာ ခံစားနေတဲ့ ငရဲဒုက္ခမျိုး တွေမြင်ရမယ်။ အရိမေတ္တာဘုရားရှင်အရပ်တော် က အတောင်ရှစ်ဆယ်l မျက်တွင်းတော်က ငါးတောင်l ခံတွင်းတော်လည်း ငါးတောင်l နားရွက်တော် အစောက်ကား ငါးတောင်l လက် ချောင်းအကြားက တစ်ထွာl ခြေဖဝါးတော်အလျားက ဆယ်တောင် ခြေမျက်စိမှ ပဆစ်ဒူးတိုင်အောင် အတောင်နှစ်ဆယ်l လူတို့အရပ်က အတောင်၄၀။ မျက်တွင်းတော်က နှစ်တောင့်တစ်ထွာl ခံတွင်းကနှစ် တောင့်တစ်ထွာl နားရွက်အစောက်ကား နှစ်တောင့်တစ်ထွာ ခြေဖဝါးအလျားက ငါးတောင် ခြေမျက်စိမှ ဒူးတိုင်အောင် ဆယ်တောင်။ မွေးစကလေးက ငါးတောင်။ လူတို့၏ အလုံးအရပ်အင်္ဂါ ကြီးငယ်သည် ဘုရားတစ်ဝက်စီ ချည်းသာဖြစ်လတ္တံ့။ အဲဒီခေတ်အခါက လူတွေ၏ အတောင်ပမာဏဖြစ်တယ်။ အရိမေတ္တယျဘုရားရှင်၏ တန်ခိုး တော်ကြောင့် ယောင်္ကျားဆိုရင် နတ်သားလိုl အမျိုးသမီးဆိုရင် နတ်သမီးလို ကြည့်ကောင်းကြ၍ ရုပ်ရည်များမှာလည်း အတူတူလို ချည်းဖြစ်ကြမည်။ ရုပ်မချော အင်္ဂါမစုံတစ်ယောက်မှ မရှိ။ အကုန်းအကွ အနူအဝဲမရှိ။ အသက် ၅၀၀ အရွယ်ရောက်ရင် အမျိုးသမီး အမျိုးသားများ အိမ်ထောင် ပြုကြလိမ့်မယ်။ ဇနီးမောင် နှံနှစ်ဦး ရန်ခိုက်ဒေါသမရှိ။ လင်မယားခြင်း ပြသနာဖြစ်လို့ ကွဲသွားတာမျိုးမရှိ။ အမြဲအဆင်ပြေနေမယ် ။ ရာသက်ပန် ပေါင်းရမယ်။ အမျိုးသမီးတိုင်းမှာ ပတ္တမြားနားဋောင်းl လက်စွပ်လက်ကောက် ခြေကျင်း စသည်တို့ဟာ ရွှေအိုးကြီးတွေထဲက ကြိုက်နှစ်သက်ရာ ယူဝတ်ကြရမှာ။ ရွှေမဝတ်နိုင်သူမရှိ။ အဝတ် ပဒေသာပင်တွေမှာ မည်သူမဆို ကြိုက်နှစ်သက်ရာ အဝတ် ယူဝတ် လို့ရတယ်။ စားစရာမျိုးစုံ ပဒေသာပင်မှာ ယူစားချင်တဲ့ အချိန်ယူစားလို့ရတယ်။ ကျန်းမာရေးနှင့် ပတ်သက်ရင် ဘာရောဂါမှမရှိ။ ထမင်း အဆီရစ်တဲ့ရောဂါl ထမင်း မစားချင်တဲ့ရောဂါl အိပ်ချင်တဲ့ရောဂါ ဒီသုံးမျိုးပဲဖြစ်မည်။ အဲဒီခေတ်အခါဖြစ်ကြမည့် လူများမှာ စားဝတ်နေရေး ကျန်းမာရေး ပူပန်စရာမရှိ။ နတ်စည်းစိမ် ခံစားနေရသလို လူစည်းစိမ် အပြည့်အဝခံစားကြရမှာ။ ဘုရားရှင်တော်ရဲ့ တန်ခိုးတော်ကြောင့် တောင် ချောက်ကမ်းပါး မြေမရှိ။ မြေပြင်ညီတွေပဲရှိမယ်။ မြစ်ထဲမှာရှိတဲ့ ရေတွေဟာလည်း သန့်ရှင်းကြည်လင် ညွံတွေကင်းရှင်းပြီး အကြေညှာ မစီးပဲ ရေတွင်းရေကန်ထဲက ရေတွေလို ငြိမ်သက်ပြီးတော့ နေမယ်။ ဥတုသုံးပါးမှာ မပူမချမ်းညီမျှနေမယ်။ မိုးတွင်းအခါမှာ ရွာတဲ့မိုးကလည်း နေ့အခါလူတွေ ကျန်းမာချမ်းသာစွာ နေနိုင်ဖို့ရာအတွက် ညအခါသန်ကောင်ယံ အချိန်မှာသာလျင် ဆယ်ရက်တစ်ခါ ဆယ်ငါးရက်တစ်ခါ ပုံမှန်ရွာပေးလိမ့်မယ်။ သတ္တဝါတို့၏ ဘုန်းကံကြောင့် မစိုက်ပျိုးရပဲ သလေးစပါးပင်တွေ အလိုလို ပေါက်ကြလိမ့်မယ်။ စပါးတစ်စေ့ကို အဲဒီခေတ်က လူတွေရဲ့အထွာနဲ့ သုံးထွာရှိမယ်။ စပါးတစ်ပင်ရဲ့ အသီးကိုလှည်းအစီး ပေါင်း ၇၂၇၂ စီး တိုက်ယူရလိမ့်မယ် ။ အရိမေတ္တာယျဘုရား တန်ခိုးတော်ကြောင့် ကမ္ဘာလောကကြီးဟာ နေ့အခါ ညအခါရယ်လို့ မရှိ။ နေ့ရောညပါ လင်းထိန်ပြီးတော့ နေမယ်။ နေ့အခါ ညအခါဘယ်လိုခွဲခြား သိရမလဲဆိုရင် မနက်ပွင့်တဲ့ပန်း ညပွင့်တဲ့ပန်း မနက်ပန်း ညပန်းl ကြက်တွန်သံတွေကို ကြည့်ရှုနားထောက်ပြီး ခွဲယူရလိမ့်မယ်။ အဲဒီလိုဟောတော့ အရှင်သာရိ ပုတ္တရာကြီးက အံ့သြခြင်းများစွာနဲ့ အရှင်ဘုရား နေ့မှန်းညမှန်းမသိအောင် ဖြစ်ရတဲ့ အရိမေတ္တယျရဲ့ တန်ခိုးတော်ဟာ အဘယ်ကုသိုလ်မျိုးကြောင့် ဖြစ်ရတာတုန်းဘုရား လို့ လျှောက်တော့ အရိမေတ္တယျဘုရားဟာ အတိတ် ဘဝတစ်ခုတုန်းက ဣန္ဒပတ္တနဂိုရ်ပြည်မှာ စကြဝတေးမင်း ဖြစ်ခဲ့စဉ်အခါက အဲဒီအချိန်အခါမှာ ပွင့်တဲ့ဘုရားရှင်ရဲ့ တရားတော်ကို နာကြားရသောအခါ ဘုရားကိုကြည်ညိုl တရားကိုကြည်ညို အားကြီးပြီး တော့ ဘုရားရှင်ရဲ့တရားတော် ကို ပူဇော်သော ဓမ္မပူဇာအနေဖြင့် သူ့ရဲ့ ဦးခေါင်းကို သူကိုယ်တိုင်ဖြတ်။ ဦးခေါင်းကို ဘုရားရှင်အားတရား ပူဇော်မယ်ဆိုပြီး တော့မလှူခင်မှာ ဆုတောင်းတယ်။ အရှင်ဘုရားရဲ့ တရားတော်ကို နာကြားပြီးတော့ တရားတော်ကို ပူဇော်သောအားဖြင့် တပည့်တော်ရဲ့ ဦးခေါင်းကို အရှင်ဘုရားအား လှူဒါန်းပါတယ်ဘုရား။ ဤကုသိုလ် ကောင်းမှုကြောင့် တပည့်တော်ဘုရား ဖြစ်တဲ့အခါ ညအခါရယ်လို့မရှိ။ နေ့အခါရယ်လို့မရှိ ။ နေ့ရောညပါ လင်းထိန် နေရပါလို၏ဘုရားလို့ သာမန်လူများမလှူ နိုင်တဲ့ လှူနိုင်ခဲတဲ့ ဦးခေါင်းကိုဖြတ် အသက်ကိုလှူ၍ ဒါနပရမတ္ထပါရမီ ကုသိုလ်ထူးပြု၍ ဆုတောင်းခဲ့တဲ့ ကုသိုလ်ကြောင့် ဖြစ်တာလို့ ဟောကြားပါတယ်။ အရိမေတ္တယျ ဘုရားရှင်ဟာ ဘုရားဖြစ်တဲ့အချိန်ကစပြီး ကုဋေခုနှစ်ရာ သောပရိသတ်တို့ကို ချေချွတ် တော်မူပြီးလျင် အနှစ်ရှစ်သောင်း ပြည့်တဲ့အချိန် ပရိနိဗ္ဗာန်စံလိမ့်မယ် ။ ထားခဲ့တဲ့ သာသနာတော်က အနှစ်သုံးသိန်း ခြောက်သောင်း။အရိမေတ္တယျဘုရား ထားခဲ့တဲ့သာသနာ သုံးသိန်း ခြောက်သောင်း ပြည့်တဲ့အခါ ဤဘဒ္ဒကမ္ဘာကြီးသည် အချိန်တန်လျင် သာသနာ ပျက်ပြီးတော့ ကမ္ဘာတစ်သိန်း ကာလပတ်လုံး ဘုရားမပွင့်တော့ချေ။ ဘုရားလောင်း(၁၀)ဦး ၁။ အဇိတရဟန်း အရိမေတ္တယျဘုရား ၂။ ဘုရားမပွင့်တဲ့ ကမ္ဘာတစ်သိန်း ကျော်လွန်တဲ့အခါ မဏ္ဋကမ္ဘာ ဖြစ်ပြီးတော့ ဥတ္တရာမမင်းသည် ရာမသမ္ဗုဒ္ဓဘုရား ဖြစ်လိမ့်မယ်။ ၃။ ပသေနဒိကောသမင်း က ဓမ္မရာဇာဘုရားဖြစ်လိမ့်မယ်။ ၄။ အဲဒီမဏ္ဋကမ္ဘာမှာ ဘုရားနှစ်ဆူ ပွှင့်ပြီး ပျက်စီးသွားတဲ့အခါ သာရကမ္ဘာဖြစ်ပေါ်၍ လာလိမ့်မယ်။ အဲဒီသာရကမ္ဘာမှာ အဘိဘူဘုရား တစ်ဆူသာ ပွင့်လိမ့်မယ်။ သာရကမ္ဘာ ပျက်စီးပြီးသွားရင် ကမ္ဘာတစ်သိန်း ကာလပတ်လုံး ဘုရားမပွင့်ပဲနေပြီးတော့ ကမ္ဘာတစ်သိန်း ကျော်လွန်တဲ့အခါ ဖြစ်ပေါ် လာမည့် ကမ္ဘာများမှာ ၅။ ဒိဃသောနိအသူရိန်နတ်သား ၆။ စန္ဒနီပုဏ္ဏား ၇။ သုဘလုလင် ၈။တောဒေယျပုဏ္ဏား ၉။ နာဠာဂီရိဆင်မင်း ၁၀။ ပလလေယဆင်မင်း တို့ အစဉ်အတိုင်း ဘုရားဖြစ်ကြလိမ့်မည်။့ မြတ်စွာဘုရား အလှူခံရထားတဲ့ သင်္ကန်းတစ်စုံကို မြတ်စွာဘုရား ဝတ်တော်မမူပဲ ပရိနိဗ္ဗာန်စံခါနီး သောအခါကာလမှာ ရှင်မဟာက ဿပကို မိန့်မှာတော်မူခဲ့တယ်။ ချစ်သား ကဿပ ငါဘုရားသည် ကမ္ဘာများစွာ နိဗ္ဗာန်အလို့ငှာ ဆင်းရဲဒုက္ခကိုခံခဲ့၏။ ယခုလိုအင်ဆန္ဒ အပြီးအဆုံးသို့ ရောက်ချေပြီ။ ပရိနိဗ္ဗာန် စံတော်မူတော့အံ့။ ပိဋကတော်ကို သင့်အား ငါလွှဲအပ်တော်မူခဲ့၏။ မပျောက်မပျက် မယုတ်မလျော့ ရအောင် စောင့်ရှောက်လော။ မိထွေးတော် ဂေါတမီ ကပ်လှူသော သင်္ကန်းကိုလည်း မေတ္တယျဘုရား ပွင့်တော်မူသော အခါ ကပ်တော်မူရအောင် ငါလွှဲအပ်ခဲ့ ဟုမိန့်မှာတော်မူခဲ့တဲ့ အခါမှာ ရှင်မဟာကဿပသည် ထိုသင်္ကန်းတော်ကို ကုက္ကုဋပါဒတောင်ထိပ်ရှိ တောင်ထွဋ်သုံးခုတို့၏ အတွင်း၌ အဓိဋ္ဌာန်ဖြင့်စံနေတော်မူ၏။ မေတ္တယျဘုရားရှင် ပွင့်တော်မူသောအခါ တရားဓမ္မ ဟောပြရာ မာနခက်ထန် သည်တို့ မနာခံသည်ကို တွေ့ရ၍ ထိုမာန ခက်ထန်သူတို့ကို ကုက္ကုဋပါဒတောင်သို့ ခေါ်ဆောင်လာပြီးလျင် ရှင်မဟာကဿပကိုပြတော်မူ၍ ရှင်မဟာကဿပကို မြင်သောအခါ သင်္ကန်းတော်ကို မေတ္တယျဘုရား သခင်အား ဆပ်ကပ်ပြီးလျင် ရိုသေစွာရှိခိုး၍ ကောင်ကင်သို့ ပျံတက်လျက် ရေမီးအစုံ တန်ခိုးပြာဋိဟာ ပြတော်မူကာ ပရိနိဗ္ဗာန် ဝင်စံတော်မူမည်တဲ့။ (S.Beal-Buddhist Records of Western World Vol.11.pp.43-4) ယခုရေးသားခဲ့သော အရိမေတ္တယျဘုရားရှင်၏ အကြောင်းအရာ များသည် အမြည်းသဘော အမြွက်မျှ ရေးသားခြင်းသာ ဖြစ်ပါသည်။ ဤစာများထက် ကောင်းမွန့် ပြည့်စုံသော အရိမေတ္တယျဗုဒ္ဓဝင် စာစုများအဖြစ် နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်l ပိဋကတ်ဆိုင်ရာ ပါဋ္ဌိစာပေဌာန တွဲဖက်ဌာနမှူး (ပါမောက္ခ) ဦးကျော်လှိုင် (မဟာဝိဇ္ဇာ သက္ကတ) မှ အနာဂတဝင်နှင့် ဆက်စပ်သော ကျမ်းပေါင်းများစွာ ပေမူများမှ ကျမ်းစာမူတစ်ခု ဖြစ်အောင် တကူးတက ကြိုးကြိုးစားစား အချိန်များ ဖြင့်ရင်းပြီး ထူးခြားပြောင်မြောက် စံချိန်တင်လောက်အောင် ပြည့်စုံစွာ ရေးသားထားပါသည်။ သိရှိလေ့လာလိုသော ပုဂ္ဂိုလ်များ လေ့လာဖက်ရှုကြပါ။ ဤကဲ့သို့ အရိမေတ္တယျဘုရား အကြောင်းကို သူငယ်ချင်းတို့နှင့် လူအများတို့အား သိစေအပ်သော စေတနာကြောင့် ကျွန်တော်သည် ယခုဘဝမှ လွန်သော်နတ်ပြည် ဗြဟ္မာပြည်၌ သာဖြစ်ရ၍ အရိမေတ္တယျဘုရားပွင့်ချိန်၌ လူ အဖြစ်ကိုရရှိပြီး အရိမေတ္တယျဘုရား၏ တရားတော်တို့ကို နာကြားပြီးနိဗ္ဗာန်သို့ ဝင်ရောက် နိုင်ပါစေသတည်း။

Saturday, July 12, 2014

အရိမေတ္တယျ

၃။ဘုရား ဖြစ်ပွင့်ရာ အရပ်ဒေသကို ကြည့်ရှု ဆင်ခြင်ကြရာမှာ ယူဇနာ တစ်သောင်း ကျယ်ဝန်းသော ဇမ္ဗူဒိပ်ကျွန်း၏ အလယ် အရပ်ဖြစ်သော မဇ္စျိမအရပ်ဒေသ သို့ကြည့်ရတယ်။ မဇ္စျိမဒေသအရပ် ဆိုတာ အရှေ့အလား ဂဇင်္ဂလမည်သော နိဂုံး၏ အရှေ့ဘက် အင်ကြင်းပင်ကြီးl အရှေ့တောင် အလားသလ္လာဝတီမြစ်l တောင်အလား သေတကဏိက မည်သောနိဂုံးl အနောက် အလား ဥသိရဒ္ဓဇတောင် ဤနယ်နိမိတ် ငါးရပ်တို့ဖြင့် သတ်မှတ်ပိုင်းခြား အပ်သောအလျား ယူဇနာသုံးရာl အနံယူဇနာ နှစ်ရာ့ငါးဆယ်l အဝန်းယူဇနာ ကိုးရာ အပိုင်းအခြား ရှိသောအရပ် ဒေသကို မဇ္စျိမဒေသ လို့ခ်ါတယ်။ မဇ္စျိမဒေသ အရပ်အတွင်းမှာ သာလျှင် ဘုရား ပေစ္စကဗုဒ္ဓါl အဂ္ဂသာဝကl မဟာသာဝက စကြာမင်းl ဘုန်းတန်ခိုး ကြီးမား စည်းစိမ်များပြား ကြသည့် ခတ္တိယ မဟာသာလl ဗြဟ္မဏမဟာသာလl ဂဟပတိ မဟာသာလ တို့ဖြစ် ထွန်းကြ စမြဲဖြစ်တဲ့ အတွက်အရပ် ဒေသကို ကြည့်ရှုရတယ်။ ၄။ ဘုရားလောင်း ဖြစ်ဖို့ရာ အမျိုးအနွယ်ကြည့်ရတာက မင်းမျိုးl ပုဏ္ဏားမျိုးl ကုန်သည်မျိုးl သူဆင်းရဲမျိုး လေးမျိုးရှိတဲ့ အထဲမှာ လူပေါင်းများစွာ တို့ကအဦးအမြတ်လို့သမုတ် ထားတဲ့မင်းမျိုးl ပုဏ္ဏားမျိုးမှာ သာလျှင် ဘုရာ့း ဖြစ်ကြရတယ်။ မင်းမျိုးကို လူအပေါင်း တို့က အဦးအမြတ်လို့ သက်မှတ်ကြသော ခေတ်အခါ မှာ မင်းမျိုးမှာ ဖြစ်ကြရတယ်။ ပုဏ္ဏားမျိုးကို လူ အပေါင်းတို့က အဦးအမြတ်လို့ သက်မုတ်ကြသော ခေတ်မှာ ပုဏ္ဏားမျိုး မှာ ဖြစ်ကြရတယ်။ ၅။ မယ်တော်ကို ကြည့်ရတာက ဘုရားရှင် မယ်တော်ဆိုတာ လျှပ်ပေါ် လော်လည်ခြင်း အလျှင်းမရှိl သေရည်အရက် သောက်စားခြင်း အလျှင်းမရှိ။ မယ်တော်ဖြစ်ကြောင်း ကောင်းမှု ပါရမီ ကမ္ဘာတစ်သိန်း ကာလပတ်လုံး ဖြည့်ကျင့်ခဲ့ပြီးသူ ဖြစ်ရမယ်။ မယ်တော်ဖြစ်ရမည့် ဘဝကို ရရှိဖွားမြင်ခဲ့သည်မှ အစပြု၍ ငါးပါးသီလ တစ်ရံတစ်ခါမျှ မကျိုးမပေါက်စေဘဲ အမြဲလုံခြုံစွာ စောင့်ရှောက် ထိန်းသိမ်းခဲ့သူသာ ဖြစ်ရမယ်။ ဘုရားလောင်း ဖွားမြင်ပြီးသော နေ့မှစ၍ ၇ ရက်သာလျှင် မယ်တော်၏အသက် ကြွင်းကျန်သူ ဖြစ်ရမယ်လို့ မယ်တော်ဖြစ် ထိုက်တဲ့ မိခင်ရဲ့လက္ခဏာ အသက် အပိုင်းအခြားကို ကြည့်ရတယ်။ အတိုချုပ်၁။ ဘုရားဖြစ်ရာ ခေတ်အခါ ကာလကား အနှစ်တစ်သိန်းမှ စ၍ အောက်ဖြစ်သော ကာလl အနှစ်တစ်ရာ တမ်းမှ စ၍ အထက်ဖြစ်သော ကာလ ၂။ဘုရားဖြစ်ရာ ကျွန်းကား ဇမ္ဗူထိပ်ကျွန်း ၃။ဘုရားဖြစ်ပွင့်ရာ ဒေသကား မဇ္စျိမဒေသ ၄။ဘုရားလောင်းဖြစ်ရာ အမျိုးကား မင်းမျိုးl ပုဏ္ဏားမျိုး ၅။မယ်တော်၏ အသက်အပိုင်း အခြားကား ဘုရားလောင်း မွေးဖွားပြီး ၇ ရက်သာ နေရခြင်း တုသိတာ နတ်ပြည်မှ အရိမေတ္တာယျဘုရား လောင်းနတ်သားဟာ ကြည့်ခြင်း ငါးပါးကြည့်တော် မူ၍ ကြည့်ခြင်းငါးပါးလုံး ပြည့်စုံတဲ့အခါ ကျရင် ကေတုမတီပြည် သင်္ခစကြဝတေးမင်း နှင့်တိုင်ပင်ကြံစည်ဘက် ကိုးကွယ်ရာ ဖြစ်သောအတိတ်l အနာဂါတ်ကို သိမြင်နိုင်၍ ပစ္စုပ္ပန်သံသရာ အစီးအပွား ကိုဆုံးမ တတ်သော သုဗြဟ္မပုဏ္ဏားကြီး ၏ဇနီးl ဗြဟ္မဏဝတီ ပုဏ္ဏေးမဝမ်းမှာ ပဋိသန္ဓေ နေလိမ့်မယ်။ ဗြဟ္မဏဝတီ ဝမ်းမှာပဋိသန္ဓေ ဆယ်လပြည့်တဲ့ အခါ ဣသိပတန သမင်တောမှာ မယ်တော်ဗြဟ္မဏ ဝတီသည် ထိုင်လျှက်လဲ မဟုတ်l အိပ်လျှက်လဲ မဟုတ်ပဲl ရပ်လျှက် သာလျှင် သစ်ပင်၏ အကိုင်းအခက် ကိုကိုင်၍ မေတ္တယျကို ဖွားတော်မူလိမ့်မယ်။ ဘုရားလောင်း နဲ့အတူ တချိန်တည်း မွေးဖွားတဲ့ ဖွားဖက်တော်က ၁၈ကုဋေ။ အားလုံး အမတ်တွေ ချည်းဖြစ်မယ်။ အဇိတဟူသော အမည်သာ ပေးလိမ့်မယ်။ ဘုရားလောင်း အဇိတမင်းသားဟာ ဖွားလျှင်ဖွားခြင်း ခုနှစ်ဖဝါး လှမ်း၍ ခြေတော် ချတိုင်းချတိုင်း ကြာပွင့်တွေ ပေါ်ပေါက်လိမ့်မယ်။ ဖွားလျှင်ဖွားခြင်း ခြေခုနှစ် လှမ်း လှမ်း၍ ဤကား ငါ့အဖို့ နောက်ဆုံး ဘဝတည်း။ နောက်ထပ်ဘဝမရှိတော့ပြီ။ အာသဝေါ ကင်းသည်ဖြစ်၍ ငြိမ်းအေးလတ္တံ ဟူသော စကားကို အရပ်လေးမျက် နှာ ကြည့်၍ ပြောဆိုလိမ့်မယ်။ အဇိတမင်းသား လောကစည်းစိမ် ခံစားဖို့ရာနေမင်း၏ ရောင်ခြည်သကဲ့သို့ လူသားတွေ မျက်စိဖြင့်စိိမ်းစိမ်း ကြည့်ဝံ့တဲ့ အရောင်တစ်လက်လက်နှင့် ထွန်းလင်း ပြောင်တဲ့ တင့်တယ်ခံ့ညားသော ပြဿဒ်လေးဆောင် ပေါ်ပေါက်လိမ့်မယ်။ ပြဿဒ်လေးဆောင်ကို တစ်ဆောင်တစ် ဆောင်မှာ ပရိဘောဂ အပြည့်အစုံပါတဲ့ တိုက်ခန်းက ခုနှစ်ထောင်စီ။ တစ်ဖက်တစ်ဖက်၌ ပတ္တမြားကျောက် မျက်ရွှဲစီသော နဝရတ်ကိုပါးနဲ့ ပြည့်စုံတဲ့ပလ္လင်ခုနှစ် ထောင်စီ။ရတနာ ၇ ပါးနှင့် ပြည့်စုံသော ထီးဖြူခုနှစ် ထောင်စီ။ခုတင်ညောင်စောင်း ခုနှစ်ထောင်စီ။ ပြဿဒ် တစ်ဆောင်ကို တိုက်ခန်းက ခုနှစ်ထောင်စီ ဆိုတော့ ပြဿဒ်လေးဆောင် ကိုတိုက်ခန်းပေါင်း ၂၈၀၀၀ ရှိ မယ်။ ပြဿဒ်တစ်ဆောင်ကို ရွှေအိုးကြီးက တစ်လုံးစီ။ ရွှေအိုးတလုံးရဲ့ အ ဝ ကား တစ်ယူဇနာ ကျယ်မယ်။ ရွှေအိုး၏ အစောက်ကား မြေကြီးနဲ့အမျှအောက်မြေ အဆုံးထိသုံးလို့ မကုန်တော့ဘူး။ ဒါတင်မကသေး ဘူး ချစ်သားသာရိပုတ္တရာl အဲဒိရွှေ အိုးကြီး တစ်လုံးတစ်လုံးမှာ ပဒေ သာပင် ခြောက်ပင်စီ ပေါက်လိမ့်မယ်။ ပြဿဒ်တစ်ဆောင်တစ် ဆောင်မှာ ဆဒ္ဒန်ဆင်မင်း နှစ် ထောင်l ဝလာဟကသိန္ဓောမြင်း တစ်ထောင်ဖြင့် မောင်းနှင်ရသော ရထားခုနှစ်ရာl မောင်းမပေါင်း တစ် သောင်းခြောက်ထောင် ကဆိုတီး မှုတ်l ဖျော်ဖြေဖို့ရာ ကချေသည် အမျိုးသမီး ခုနှစ်ထောင်တို့ ဖြင့်ဖြေ ဖျော်ကြလိမ့်မယ်။ အချိန်တန်လို့ အရွယ်ရောက်တဲ့ အခါစန္ဒမုက္ခီ အမျိုးသမီးနဲ့ အိမ်ထောင်ပြုလိမ့်မယ်။ စန္ဒမုက္ခီ အမျိုးသမီးကလည်း လူမတူနတ်မမျှအ လွန်လှပြီး သူရဲ့ခန္ဓာကိုယ် အနံ့ကား စန္ဒကူး သရက္ခန်အနံ့လို မွှေးကြိုင်နေမယ်။ ခန္ဓာကိုယ် အသားကလဲ ဝါဂွမ်းကဲ့သို့ နူးညံ့မယ်။ ခန္ဓာကိုယ်က ဆယ့်နှစ်တောင် အတွင်းမီး မထွန်းပဲ အရောင်တဝင်းဝင်း ထိန်နေမယ်။ ချစ်သားသာရိပုတ္တရာl ရှစ်သောင်း လေးထောင်သော မြို့တွေကို အုပ် ချုပ်နေတဲ့ ရှစ်သောင်း လေးထောင်သော ရှင်ဘုရင်မင်းတွေl နတ်ပြည် မှာရှိကြတဲ့ နတ်သားတွေရယ်l သင်္ခ စကြဝတေးမင်းရယ် အဇိတမင်း သားထံသွားပြီးတော့ အဇိတမင်း သားကို အမှုကြီးငယ် ဝေယျာဝစ္စပြု လုပ်လိုပါတယ်။ ပြုလုပ်ခွင့်ပြုပါလို့ မျက်နှာတော်ကြည့်၍ တောင်းပန်ကြလိမ့်မယ်။ အဲဒီလို တောင်းပန်လာတဲ့ အခါမှာ အဇိတမင်းသားက အကျွန်ုပ်မှာ ဖွားဖက်တော် ၁၈ ကုဋေl အမတ် ကြီးနှင့်တကွ ဆင်မြင်းရဲမက်ဗိုလ်ပါ တွေရှိတယ်။ အလိုမရှိတော့ပါလို့ ပြောလွှတ်လိမ့်မယ်။ အဇိတမင်းသားဟာ ပြဿဒ်လေး ဆောင်မှာ လောကစည်းစိမ်ခံစား နေစဉ်မှာ အနှစ်တစ်သောင်းပြည့် တဲ့အခါကြရင် ဗြဟ္မာဝံသဆိုတဲ့ သားယောင်္ကျားလေး မွေးဖွားလိမ့်မယ်။ ဗြဟ္မာဝံသသား ယောင်္ကျားလေး မွေးဖွားပြီးတဲ့ အခါကြရင် ဘုရားရှင် တို့ရဲ့ထုံးတမ်းစဉ်လာ ဓမ္မတာအရ ဥယျာဉ် ကစားထွက်စဉ်မှာ သူအို သူနာl သူသေl ရဟန်းနိမိတ်လေး ပါးတွေ့မြင်ရ၍ သံဝေဂတရားတွေ ရလာပြီးတော့ တောထွက်မည့် စိတ်အကြံ ဖြစ်ပေါ်လာလိမ့်မယ်။ ဒီဗျာဝဒါန မေတ္တယျဗျာက ရာဏဝဒါန၃၆ ၃၇မှာ ပြဆို ထားတာကတော့ သင်္ခမင်း၏ ယဇ်တိုင်အပိုင်း ပိုင်းပြတ်သည် ကိုမြင်ရ၍ သံဝေဂ ဖြစ်ပြီး တောထွက်လိမ့်မယ်လို့ ပြဆိုထားတာ ရှိသေးတယ်။ ဘယ်လို နည်းနဲ့ပဲဖြစ်ဖြစ် တောက တော့ထွက်မှာပဲ။ အဇိတမင်းသား တောထွက်မည့် စိတ်အကြံကို သင်္ခ စကြဝတေးမင်းသိတဲ့အခါ အဇိတ မင်းသားပျော်အောင် ဆိုပြီးတော့ ရှစ်သောင်းလေးထောင် သော ကချေသည်တွေlုမြို့သူမြို့သားနိဂုံး ဇနပုဒ်သူl မင်းသားမင်း မြေး သူဌေးသူကြွယ် လူအပေါင်း တို့ကပန်းနံ့သာ စွဲလျက် မဇိတမင်းသား ကိုခြံရံ၍ နေကြလိမ့်မယ်။ နတ်ဗြဟ္မာတွေ ကလည်း နတ်တို့ရဲ့ ထီးတံခွန် ပန်းနံ့သာ ရွှေပေါက်ပေါက်ငွေပေါက်ပေါက် စသည်တို့ ဖြင့် ဘုရားလောင်း ပြဿဒ်မိုးကြီး ရွာသကဲ့သို့ အပြည့်အလျှံ ခြံရံခစား နေကြလိမ့်မယ်။ လူ့ဘဝကာမဂုဏ် ထဲမှာ ပျော်အောင် ဖျော်ဖြေနေကြတာ။ အဇိတမင်းသား တောထွက်မယ် ဆိုတဲ့စိတ်အကြံကို သင်္ခစကြဝတေးမင်း နှင့်တကွ တိုင်းသူုပြည်သား လူတွေအားလုံး သိသွားကြတဲ့အခါမှာ ဘယ်နေ့ ဘယ်ရက်l ဘယ်အချိန်မှာ အဇိတ မင်းသား တောထွက်မယ် ဆိုတဲ့ သတင်းသံကို အားလုံးသိသွားကြတော့ နန်းတွင်းသူ နန်တွင်းသား မြို့သူမြို့သားတွေ တောရွာဇနပုဒ် က လူတွေမင်းသားl မင်းမြေးl သူဌေးသူကြွယ် အစရှိတဲ့လူပေါင်း များစွာနဲ့ တကွ စန္ဒမုက္ခီသားတော် ဗြဟ္မာဝံသ အလုပ်အကျွေး ကချေ သည်တွေရောl အဇိတမင်းသား တောထွက်ရင် လိုက်ဖို့ရာအတွက် ပြည့်လျှံပြီးတော့ နေမယ်။တောထွက်မယ့် အချိန်လည်းရောက်ရော လူပေါင်းများစွာ ပြည့်နေတဲ့ ပြဿဒ်ကြီးဟာ ဘုရားလောင်း တန်ခိုးတော် ကြောင့်၎င်း။ သင်္ခစ ကြဝတေးမင်း တန်ခိုးတော်ကြောင့်၎င်း။ နတ်ဗြဟ္မာတို့ တန်ခိုး တော်တို့ကြောင့်၎င်းl ဟင်္သာမင်း ပျံသကဲ့သို့ ကောင်းကင်ယံသို့ပျံ တက်၍ ကံကော်ပင်ရှိရာ အရပ်သို့ ကောင်းကင်ယံခရီးဖြင့် တောထွက်သွား ကြလိမ့်မယ်။ ကောင်းကင်ယံ ဟင်္သာပျံပြဿဒ် ကြီးကို ဗြဟ္မာမင်းက သုံးယူဇနာရှိ သောထီးကြီးကို ကိုင်၍လိုက်မယ်။ သိကြားမင်းက အတောင်၆၀ ရှိ သော လက်ယာရစ်ခရုသင်းကို ကိုင်၍ သာဓုသာဓု ခေါ်၍လိုက်မယ်။ သုတဝံနတ်သားက သားမြီးယပ်ကို ကိုင်မယ်။ ပဉ္စသီခနတ်သားက စောင်းကိုကိုင်မယ်။ တုသိတာနတ်သားက ပတ္တမြားယပ်ကိုင်မယ်။ ပဉ္စသီခနတ်သားက စောင်းကိုကိုင်မယ်။ လောကပါလနတ် သားလေးယောက်က သန်လျက်ကိုကိုင်မယ်။ နှစ်သိန်း ရှစ်သောင်းရှိတဲ့ ဘီလူးစစ်သည် တွေကလက်နက် ကိုယ်စီကိုင်မယ်။ နတ်သမီးတွေက ရတနာပုဋောင်းကို ကိုင်မယ်။ အသူရာနတ်တို့က သီချင်းဆိုပြီးတော့နတ်တို့၏ တံခွန်ကိုကိုင်မယ်။ နတ်မင်းတို့က ပတ္တမြားရှိသော ဆီမီးတိုင်ကိုကိုင်မယ်။ ဂဠုန်တို့ကစောင်းတီး လိုက်မယ်။ ဂန္ဓဗ္ဗနတ်တို့က စောင်းတီး၍နတ်တို့၏ ကခြင်းသီဆိုခြင်းဖြင့် ကဆိုကုန်လျက် လိုက်ကုန်ကြ လိမ့်မယ်။ ဟင်္သာပျံ ကောင်းကင်ပြာဿဒ်ထဲမှ တောထွက်ရန် လိုက်ကြမယ်။ ပရိသတ်တွေက ရှစ်သောင်းလေး ထောင်ရှိမယ်။ နတ်ပရိသတ်ရှစ်သောင်း လေးထောင် ခြံရံလျက် နတ်သဘင်နှင့်တကွ နတ်တို့၏ကောင်းချီး သံ လူပရိသတ်တို့၏ ချီးမွမ်းသံl ဗြဟ္မာတို့၏လက်ပန်းပေါင်းသံ တို့နှင့်တကွ တင့်တယ်စွာvစမ္ပါယ်ခြင်းရှိသော ပြဿဒ်ပျံသည် ကောင်းကင်ရံသို့ ပျံတက်၍ ကောင်းကင်ခရီးဖြင့် ကံကော်ပင်ဗေါဓိမဏ္ဋိုင်သို့ တောထွက် ရန်သွားကြလိမ့်မယ်။ အရိမေတ္တယျဘုရားရှင်က ကံကော်ပင်အောက်မှာ ပွင့်မှာ။ ကံကော်ပင်အောက် ရောက်တဲ့ အခါ အဇိတမင်းသားက ကံကော်ပင်အောက်မှာ ဒုက္ကရစရိယာကို ကျင့်တော်မူပါတယ်။ အဇိတမင်းသားဟာ ကံကော်ပင်အောက်မှာ ၆ ရက်မျှကျင့်ရုံနဲ့ ဘုရားစင်စစ်ဖြစ်လိမ့်မယ်။ ဒုက္ကရစရိယာ ၆ ရက်ကျင့်လို့ ဘုရားဖြစ်တဲ့အခါ ကမ္ဘာဦးတည်စက မဟာဗောဓိမဏ္ဋို င် ကုန်းမှာ ကမ္ဘာ့နိမိတ်အဖြစ်ဖြင့် ဘုရားလောင်းတို့၏ ကုသိုလ်ပါရမီ တန်ခိုးကြောင့် အလိုလိုပေါ်ပေါက်လာတဲ့ ပဒုမ္မာကြာရုံထဲမှာ ပါလာတဲ့ပရိက္ခာ ၈ ပါးကိုဗြဟ္မာပြည် ၁၆ ဘုံ၌ အမြင့်ဆုံးဖြစ်တဲ့ သုဒ္ဓါဝါအကနိဋ္ဌဗြဟ္မာ ဘုံ မှာနေတဲ့ ဃဋိကာရဗြဟ္မာကြီးက အဇိတမင်းသား ရဟန်းပြုဖို့ရာ ကြာသင်္ကန်းကို ဆက်ကပ်လာသည့် အခါရဟန်းပြုလိမ့်မယ်။ အဇိတမင်းသားကို သင်္ကန်း ဝတ်ပုံဝတ်နည်း သင်းပိုင်ဝတ်ပုံ ဧကသီဝတ်ပုံ သင်ကြားပြသ ပေးမည့်ဆရာမရှိပေမယ့် ပါရမီဖြည့်စဉ် ရှေးဘုရာိးတို့၏အထံ၌ ရဟန်းပြုခဲ့ရ၍ ဝတ်ရုံမှု၌ အလေ့ကျင့်ရပြီး ဖြစ်သောကြောင့် လည်းကောင်းl ညဏ်တော်ကြီးမြတ် သောကြောင့် လည်းကောင်း သင်္ကန်းကို နေရာတကျ ဝတ်ရုံတတ်တယ်။ ဘယ်လိုဝတ်မှသာလျှင် ရဟန်းနဲ့ တူမယ်ဆိုတာ သိနေတယ်တဲ့။ ဗြဟ္မာလှူတဲ့ သင်္ကန်း ကိုဝတ်ပြီး အဇိတမင်းသား လည်းရဟန်းဖြစ်။ တော ထွက်စဉ်တုန်းက ပါလာတဲ့ ပရိသတ်အားလုံး ဧဟိ ဘက္ခူ ရဟန်းဖြစ်ကြပြီးတော့ မဂ်ဖိုလ်ရကြလိမ့်မယ် ။ အဲဒီနေရာမှာပဲ စန္ဒမုက္ခီမိဖုရားက နတ်သြဇာနဲ့ပြည့် စုံတဲ့နွားနို့ဆွမ်းလှူလိမ့်မယ်။ ညနေချမ်း ရောက်တဲ့အခါ ကံကော်ပင်နဲ့ မနီးမဝေးရတနာ ၇ ပါးနဲံပြည့်စုံတဲ့ အမြင့် ၆၄ တောင်ရှိတဲ့ရွှေပလ္လင်ပေါ်ပေါက်လိမ့်မယ်။ ထိုရွှေပလ္လင်ထက်၌ ထက်ဝယ်ဖွဲ့ခွေထိုင် နေတော်မူလျက် အရှေ့လောကဓါတ် ကိုကြည့်၍ နတ်ပရိတ်သတ်လူ ပရိသတ်တွေ ခြံရံလျက်မာရ်နတ်ရဲ့ရန်ကို အောင်မြင်လိမ့်မယ်။ မာရ်နတ်ရဲ့ရန်ကို အောင်မြင်ပြီးညဥ့်ဦးယံမှာ ပုဗ္ဗေနိဝါသနုဿတိညဏ် ကိုရမယ်။ သန်ခေါင်ယံ အချိန်မှာ ဒိဗ္ဗစက္ကုညဏ်ကိုရမယ်။ မိုးသောက်ယံအချိန်မှာ အာသဝက္ခယညဏ် တွေရပြီးတော့ နေဝန်းကြီး ပေါ်ပေါက်လာတဲ့ အချိန်မှာ သစ္စာလေးပါးကိုသိ၍ သဗ္ဗညုတညဏ် ကိုရမယ်။

Thursday, July 10, 2014

အရိမေတ္တယျဘုရားအကြောင်း

အရိမေတ္တာယျဘုရားအကြောင်း သိကောင်းစရာများ တနေ့သောအခါ နိဂြောဓာရုံ ကျောင်း ရွှေသလွန်တော် ထက်၌ မြတ်စွာဘုရား သီတင်းသုံးတော်မူ ပြီးအရှင်သာရိပုတ္တရာl အရှင်အာနန္ဒာ အစရှိတဲ့ သံဃာ အရေအတွက်ရှစ်ကျိပ်l သံဃာ အပါးရှစ်ဆယ် တို့ကို ဆုံးမသြဝါဒ တရားစကား ဟောကြားနေတဲ့ အချိန်မှာ မိထွေးတော် ဂေါတမီ ကပန်းနံ့သာ အမွှေး နံ့သာများစွာ လက်၌စွဲလျက် ရွှေသ င်္ကန်း အဝတ်တစုံ ထည့်ထားတဲ့ ပတ္တမြားကြုတ်ကို ခေါင်းပေါ်ရွက် ဆွမ်းစသောလှူဖွယ်ပစ္စည်းမျိုးစုံနဲ့ တံခွန် ပန်းနံ့သာ များကို လက်မှာစွဲ ပြီးသာကီဝင် မင်းသားမင်းသမီး ငါးရာခြံရံလျက် ဘုရားရှိရာ နိဂြောဓာ ရုံကျောင်းတော်ကို သင်္ကန်းစ သော လှူဖွယ်ပစ္စည်း လှူဒါန်းဖို့ရာ လာကြတယ်။ မိထွေးတော် ဂေါတမီဟာ မြတ်စွာ ဘုရားကို ရွှေသင်္ကန်း လှူဖို့ရာ အတွက် ကိုယ်တိုင် ရက်လုပ်ပြီး လှူတာ။ ဂေါတမီကိုယ်တိုင် နီလှစွာ သော ရွှေတို့ဖြင့် ရွှေဖျဉ်းတို့ကို လုပ်ပြီး ရွှေမှုန်ဖြင့် မြေတွေကိုရောပြီး တော့ ရွှေဖျဉ်း တို့ကိုထည့်l ဝါစေ့တွေကို လက်နဲ့ကိုင်ပြီး ရွှေဝါပင် ပေါက်ပါ စေသတည်းဟု အဓိဋ္ဌာန် လိုက်တော့ ရွှေဖျဉ်းထဲမှာ ရွှေဝါပင်တွေ ပေါက်လာတယ်။ ပေါက်လာတဲ့ ရွှေဝါပင်တွေက မဟာ လှေကားပွင့်နဲ့ တူတယ်။ ဝါအသီးတွေက မြအဆင်းနဲ့ တူတယ်။ ဂေါတမီက ဝါသီးတွေကို လက်နဲ့ ကောက် ရွှေလင်ပန်းထဲမှာ ထည့်l လက်နဲ့ကိုယ်တိုင် ဖန်ပြီးတော့ ဝါဂွမ်း ဖြစ်အောင် ကြိတ်ပြီး လိပ်ရတယ်။ နူးညံ့သိမ်မွေ့စွာ ချည်ငင်ပြီး သိမ်မွေ့တဲ့ ယက္ကန်းသည်ကို ခေါ်ပြီး တော့ ထမင်းအဖျော် စတဲ့ပျားတင်လဲ ထောပတ် တွေကိုစားl အဝတ်တန်ဆာ သန့်ရှင်းအောင်ဝတ်l ယက္ကန်းဇရပ် ကိုလည်း အမွှေးနံ့သာ တွေကြဲl ယက္ကန်းဇရပ် ကိုလူ အစောင့်အကြပ် အမြဲထားပြီးတော့ ရွှေသင်္ကန်းကို ဂေါတမီကိုယ်တိုင် ယက်တာ အလျားတစ်ဆယ့် လေးထောင် အနံ ခုနစ်ထောင် ရှိတဲ့ ပုဆိုးနှစ်ထည် ကိုရတယ်။ မိထွေးတော် ဂေါတမီက မြတ်စွာဘုရား ကျောင်းတော်ကို ရောက်တဲ့အခါ မြတ်စွာဘုရားကို မနီးမဝေး ကနေ ရှိခိုးပြီးတော့ ပတ္တမြားကြုတ်ကိုဖွင့်l ရွှေသင်္ကန်း တစုံကို လက်က ကိုင်ထားပြီးတော့ ဘုန်းတော်ကြီး သော မြတ်စွာဘုရား တပည့်တော် ရဲ့ လက်ထဲမှာရှိတဲ့ရွှေအဝတ် ပုဆိုး တစုံ (နှစ်ထည်) က တပည့်တော် ကိုယ်တိုင် ယက်လုပ်ထားတဲ့ သင်္ကန်း ဖြစ်ပါတယ် ဘုရား။တပည့်တော်ကို သနားစောင့်ရှောက် ချီးမြှောက်သော အားဖြင့် ဤရွှေ သင်္ကန်းကို အလှူခံတော်မူပါ ဘုရားလို့ လျှောက်ထား ပြီးတော့ လှူဒါန်းပါတယ်။ မြတ်စွာဘုရားက နှစ်ထည်စလုံး အလှူမခံဘူး။ တစ်ထည်ကိုသာ အလှူခံပါတယ်။ ပြီးတော့ မိထွေးတော် ဂေါတမီကို ကျန်နေတဲ့ ပုဆိုးတထည်ကို ငါဘုရားရှေ့မှာ ထိုင်နေတဲ့ သံဃာတွေကို လှူလိုက်ပါလို့ ပြောပါတယ်။ မြတ်စွာဘုရားက လှူခိုင်းတော့ မိထွေးတော် ဂေါတမီက မြတ်စွာဘုရားဘက် မျက်နှာလွှဲပြီး သံဃာပရိတ်သတ် ဘက်ကိုလှည့်၍ လက်အုပ်ချီ ပြီးတော့ တပည့်တော်ရဲ့ ရှေ့မှောက်မှာ ထင်ရှားရှိနေတဲ့ သံဃာ အရှင်မြတ် တို့ဘုရားl တပည့်တော် လက်၌ ရှိသော ဤအဝတ်ပုဆိုး ရွှေသင်္ကန်း တော်ကို ဘုရားတပည့်တော် ကိုသနား စောင့်ရှောက် ချီးမြှောက်သော အားဖြင့် အလှူခံတော် မူကြပါဘုရားလို့ လျှောက်ထားတော့ သံဃာအပါး (၈၀) မည်သူမျှ ထပြီးအလှူ မခံဝံ့ကြဘူး။ ဘာဖြစ်လို့ အလှူမခံ ဝံ့တာတုန်း ဆိုရင် တစ်ထည်ကို မြတ်စွာဘုရား ဝတ်၍ တထည်ကို ရုံထားမယ်ဆိုရင် အလွန်တရာ တင်တယ့် သပ္ပါယ် ပေလိမ့်မယ် ဆိုတဲ့ စိတ်နှလုံးထားပြီး အလှူမခံပဲ နေကြတာ။ သံဃာ(၈၀) ထဲက သံဃာများရဲ့ အလယ်မှာ ထိုင်နေတဲ့ အဇိတ ရဟန်းက မြတ်စွာဘုရားဟာ မိထွေးတော် ဂေါတမီကို များစွာသော အကျိုးရှိသည်ကို လိုလားနှစ်သက်တော် မူသည်ကို မြင်တော်မူသည် ဖြစ်၍ သံဃာကို လှူခိုင်းနေတာ လို့စိတ်နှလုံး ထားပြီးတော့ ဂေါတမီလက်ထဲ မှာရှိတဲ့ သင်္ကန်းတထည်ကို ရဲဝင့် တည်ငြိမ်စွာ ဖြင့် ထပြီးတော့ အလှူခံ လိုက်တယ်။ အဇိတရဟန်း အလှူခံပြီး တဲ့အခါ ကျန်နေတဲ့ ရဟန်းတွေက အုတ်အုတ်ကျတ်ကျတ် ကျယ်စွာသော အသံတွေ ဖြင့် ပညာအရာ ဧတဒဂ်ရတဲ့ အရှင်သာရိပုတ္တရာl အရှင်အာနန္ဒာ အစရှိ တဲ့ ရဟန်းတော်တွေ တောင်မှ အလှူမခံဝံ့တဲ့ သင်္ကန်းကို ဘာမဟုတ်တဲ့ အညတြ မထင်မရှား အသေးအ မွှားရဟန်းက အလှူခံရဲရ မလားလို့ ကဲ့ရဲ့သော စကားသံ မျိုးစုံနဲ့ ကဲ့ရဲ့နေကြတယ်။ ကဲ့ရဲ့ပြစ်တင် နေသော စကားသံတွေကို မြတ်စွာဘုရားက ကြားသိရတဲ့အခါ သံဃာ ပရိတ်သတ်နဲ့ဂေါတမီ အစရှိတဲ့ ပရိတ်သတ် တို့ရဲ့ ယုံမှားသံသယ ကိုပယ်ဖျောက် ဖို့ရာအတွက် ချစ်သားအာနန္ဒာl ငါဘုရားကို နတ်သား လေးယောက် လှူထားတဲ့ အနားလေးရစ်ရှိတဲ့ မြကျောက် သပိတ်ကို သွားပြီးတော့ ယူချေလို့ ယူခိုင်းလိုက်တယ်။ အာနန္ဒာ ယူလာတဲ့ မြကျောက်သပိတ်ကို မြတ်စွာဘုရားက လက်ဝါးပေါ်တင် အဓိဋ္ဌါန်ပြီးတော့ ကောင်းကင်သို့ လွှတ်လိုက်တယ် ဆိုရင်ပဲ မြကျောက် သပိတ်ဟာ နိဂြောဓာရုံ ကျောင်းကနေ ကပိလဝတ်မြို့ သို့ဝဲပျံပြီး ဖြတ်ကျော်လျက် စကြာဝဋ္ဌာတိုက်ကို လေယဉ်ပျံတွေ မိုးပေါ်မှာ ပျံဝဲ သွားလာနေတဲ့ အတိုင်း ပျံဝဲသွားလာ နေပါတယ်။ ငါဘုရား အဓိဋ္ဌာန် လွှတ်လိုက်တဲ့ မြကျောက်သပိတ်ကိုမှီအောင် လိုက်ပြီးတော့ ယူချေလို့ သံဃာအပါး ရှစ်ဆယ်ကို ယူခိုင်းတော့ ဘယ်သူမှ လိုက်မယူရဲ ကြဘူး။ အဲဒီအခါမှာ မြတ်စွာဘုရားက အဇိတ ရဟန်းကို ခေါ်ပြီး ငါဘုရား လွှတ်လိုက်တဲ့ သပိတ်ကို လိုက်ပြီးတော့ ယူချေ လို့ယူခိုင်းလိုက် တော့ အဇိတ ရဟန်းက မြသပိတ် ရှိရာရောက်ရာ အရပ်ကို ရှာဖွေပြီး တစ်ခဏ အတွင်းယူလာပြီး မြတ်စွာဘုရားကို ကပ်လှူပါတယ်။ အဲဒီ အဇိတ ရဟန်းဟာ အဇာတသတ်မင်း ကဉ္စနဒေဝီ မိဖုရားသား။ အဇိတ ဆိုတာ တည်ကြည်ခြင်း လို့ အဓိပါယ်ရတယ်။ အဇာတသတ် မင်းကြီးဟာ ဖခင်ဗိမ္ဗိသာရ မင်းကြီးကို သတ်ပြီးနောက်ပိုင်းမှာ မြတ်စွာဘုရားကို အရမ်းကြည်ညိုတာ။ ငါကြည်ညို လေးစား ကိုးကွယ် အားထား နေရတဲ့ မြတ်စွာဘုရားရဲ့ အမွေ ဆက်ခံဖို့ရာ ရာဇဂြိုလ်ပြည် ဝေဋ္ဌုဝန်ကျောင်းမှာ အဇိတမင်းသား ၁၆နှစ်အရွယ် အခြံအရံမင်းသား ငါးရာနဲ့အတူ ရဟန်းဝတ်ပေး ထားတာ။ အဲဒီအချိန်မှာ သံဃာ ပရိတ်သတ်က အပါးရှစ်ဆယ်l မိထွေးတော် ဂေါတမီနှင့် အခြံအရံ သာကီဝင်မင်းသား မင်းသမီးငါးရာ ပေါင်းလိုက်တော့ ငါးရာရှစ်ဆယ်သော ပရိတ်သတ် တွေကို သင်ချစ်သားတို့ ထင်ကြသလို မြင်ကြသလို အညတြ သာမညရဟန်း မဟုတ်ဘူး။ ၁။ တိမ်ဖုံးသော နေနဲ့ တူတယ်။ ၂။ ပြာဖုံးသော မီးခဲနဲ့ တူတယ်။ ၃။ မြေမှုန်ဖြင့် ဖုံးအုပ် ထားခံရသော ပတ္တမြား ရတနာနဲ့ တူတယ်။ ၄။ မြေ၌မြှုတ်ထား ခံရသော ရွှေအိုးနဲ့ တူတယ်။ ၅။ ပွင့်လုနီးသော ကြာပန်းနဲ့ တူတယ်။ ၆။ ယုဂန္ဓိုရ်တောင်နှင့် နီးနေသော နေလုလင်နဲ့ တူတယ်။ ၇။ ဘုရားဖြစ်ဖို့ရန် မျိုးစေ့နဲ့ တူတယ်။ အညွှန့်နဲ့ တူတယ်။ ပါရမီ ပြည့်ပြီးသော ဘုရားလောင်း ယောက်ျားစစ် ယောက်ျားမြတ် ဖြစ်၍ နောင်သောအခါ (အရိမေတ္တာယျ ) အမည်ဖြင့် ဘုရားစင်စစ် ဖြစ်လိမ့်မယ် လို့ဗျာဒိတ် စကားမိန့်ကြား တော်မူပါတယ်။ ချစ်သားတို့ အဇိတရဟန်းဟာ ရှေးလွန်လေပြီးသော အတိတ်ဘဝ ပဒုမ အမည်ရသော စကြာဝတေးမင်း ဘဝတုန်းက သုမိတ္ထ မြတ်စွာဘုရားကို ကျောင်း သင်္ကန်း ဆီမီးစသည် တို့ဖြင့် ပူဇော်ခဲ့တယ်။ ဗြဟ္မဘာဝီ မည်သော မင်းဖြစ်သော အခါတုန်းကလည်း မတ္တေယျ့ မြတ်စွာဘုရားကို ရတနာမဏ္ဌပ် တို့ဖြင့် ပူဇော်ခဲ့တယ်။ အဲဒီအချိန်မှစ၍ ၁၆သင်္ချေနှင့် ကမ္ဘာတသိန်း ထက်မှာ ပွင့်တော်မူကြတဲ့ မုဟုတ္တမြတ်စွာဘုရား ထက်မှာ ပဘာဝန္တ စကြာဝတေးမင်း ဖြစ်ပြီးတော့ စကြာဝတေးမင်း အဖြစ်ကို စွန့်l မုဟုတ္တဘုရား ထံမှာ ရတနက မထေရ်ရဟန်း အမည်ဖြင့် ပါရမီဖြည့်၍ ဘုရားဆု ပန်ခဲ့တယ်။ အဲဒီမုဟုတ္တဘုရား လက်ထက် ရတနက မထေရ်ဘဝက စပြီး ဘုရားဆုပန်l အတိုင်းမသိသော ပါရမီ အဆောက်အဦးတို့ကို ဖြည့်ကျင့်ခဲ့တယ်။ တဏှင်္ကရာ ဘုရားစသော ၂၇ ဆူကုန်သော ဘုရားတို့ထံမှာ ပါရမီများစွာ ဖြည့်ကျင့် ဆည်းပူးပြီး ဗျာဒိတ်ခံခဲ့ရ၍ ယခုအခါ အဇာတသတ်မင်း ကဉ္စနဒေဝီ သားအဇိတ မင်းသားအဖြစ် ဖြင့်ငါဘုရားရဲ့ သာသနာတော်၌ ရဟန်းပြု၍ အဇိတရ ဟန်းအဖြစ် သီလ သမာဓိ ပညာ အကျင့်တို့ကိုဖြည့်ကျင့် စေလျက် ပါရမီ အပေါင်းကို ဆည်းပူးဖြည့်ကျင့် နေသော ဘဝတလျှောက် ခရီးအကြား၌ အညတြရဟန်း စသည့်ဖြင့် မထီမဲ့မြင် မပြုကြနှင့် လို့ ဗျာဒိတ်စကား မိန့်ကြားတော် မူပါတယ်။ မြတ်စွာဘုရားရဲ့ ဗျာဒိတ်စကား ပြောကြားပြီးတဲ့ အဆုံးမှာအဇိတ ရဟန်းက အားရ ဝမ်းသာစွာ နဲ့မြတ်စွာဘုရားကို လက်အုပ်ချီပြီးတော့ မိထွေးတော် ဂေါတမီထံက ရထား တဲ့ရွှေသင်္ကန်း အဝတ်ပုဆိုး တစ်ထည်ကို မြတ်စွာဘုရားရဲ့ ဂန္ဓကုဋိ ကျောင်းဆောင် အတွင်းမှာ မျက်နှာကျတ် အဖြစ် လှူဒါန်းပါတယ် ဘုရား။ ဤကဲ့သို့ လှူဒါန်းရသော ကုသိုလ် ကောင်းမှုကြောင့် တပည့်တော် ဘုရား ဖြစ်သောအခါ ရွှေပန်း ဆိုင်းl ငွေပန်းဆိုင်းl သန္တာပန်းဆိုင်းl ပုလဲပန်းဆိုင်း တို့ဖြင့်တန်ဆာ ဆင်လျက်ရတနာ ၇ ပါးနှင့် ပြည့်စုံပြီး တစ်ဆယ့်နှစ်ယူဇနာ ကျယ်ဝန်းတဲ့ ဗိတာန် မျက်နှာကျတ် ဖြစ်ရပါလို၏ ဘုရားလို့ ဆုတောင်းပြီး ဘုရားရှင် ကိုဦးချကာ သူ့နေရာသူပြန် ထိုင်နေတယ်။ မြတ်စွာဘုရားက ဗျာဒိတ်ပေးခြင်း အဇိတရဟန်းလည်း ရွှေသင်္ကန်း ကပ်လှူခြင်းl ဆုတောင်းခြင်းပြီးတဲ့ အခါ အရှင်သာရိပုတ္တရာ က အရိမေတ္တာယျဘုရား အကြောင်းကိုသိ ချင်နေကြတဲ့ ရဟန်းတို့ရဲ့ အလို အဇ္ဈာသယကို သိသဖြင့် အရှင်ဘုရား အဇိတရဟန်း ဘယ်သောအခါ ဘယ်သို့သော အခြင်းအရာဖြင့် အရိမေတ္တယျ ဘုရားဖြစ်မယ် ဆိုတဲ့ အကြောင်းကို လျှောက်ကြားတဲ့ အခါမြတ်စွာ ဘုရားက အရဟတ္တဖိုလ် ဈာန်သမာပတ် ဝင်စားပြီး အဇိတရဟန်း နောင်အနာဂါတ် ကာလမှာ အရိမေတ္တယျဘုရား ဖြစ်တော်မူ မည့်အကြောင်းကို ဟောကြား တော်မူပါတယ်။ ချစ်သားသာရိပုတ္တရာl ငါဘုရား ပရိနိဗ္ဗာန်စံ့ပြီး ကာလကြာသော် တဖြည်းဖြည်းနဲ့ သာသနာ ဆုတ်ယုတ်လာ ပြီးတော့သာသနာအ နှစ် ငါးထောင်ပြည့်တဲ့ အခါမှာ ငါဘုရားရဲ့ သာသနာတော်ကြီး ကွယ်ပျောက်လိမ့်မယ်။ ချစ်သား သာရိပုတ္တရာ သာသနာကွယ်ပြီး တဲ့နောင်ကာလ ကြာရင်လူတွေဟာ မကောင်းမှု တွေသာပြု ကျင့်ကြလို့ လူတို့ရဲ့ အသက်တမ်း တွေက တစ်ရာကနေ ကိုးဆယ်l ကိုးဆယ်မှရှစ်ဆယ်l ရှစ်ဆယ်မှ ခုနှစ်ဆယ်l ခုနှစ်ဆယ်မှ ခြောက်ဆယ်l ခြောက်ဆယ်မှ ငါးဆယ် အစဉ်အတိုင်း အသက်တမ်း ယုတ်လျော့ကုန် ပြီးတော့ သက်တမ်းငါးနှစ် အရွယ်ရောက်တဲ့ အခါ ငါးနှစ်အရွယ်ယောင်္ကျား မိန်းမတွေက အိမ်ထောင်တွေပြုl ယောက်ျားတွေရ မိန်းမတွေရနဲ့ သားတွေသမီး တွေနဲ့ ဖြစ်ကြလိမ့်မယ်။ ခြောက်နှစ် ခုနှစ်နှစ်တွေက မြေးတွေ မြစ်တွေနဲ့ ဖြစ်ကြလိမ့်မယ်။ အဲဒီအခါကြရင် ကပ်ကြီးသုံးပါး ပေါ်ပေါက် လာလိမ့်မယ်။ သတ္တန္တရကပ် လက်နက်ကြောင့် သေကြရတဲ့ ပုဂ္ဂိုလ်တွေ ငရဲပြည်သို့ ရောက်ကြ လိမ့်မယ်။ ဒုဗ္ဘိက္ကန္တရကပ်l ငတ်မွတ် ခေါင်းပါး အစာ မစားရလို့သေတဲ့ပုဂ္ဂိုလ် တွေက ပြိတ္တာဘုံသို့ ရောက်မယ်။ ရောဂန္တရကပ် အနာရောဂါဖြစ်ပြီး သေကြတဲ့ ပုဂ္ဂိုလ်တွေက ငါတို့ရော ဂါဘယ တွေဖြစ်ရလို့ ကိုယ်စိတ်နှစ်ပါး ဒုက္ခဆင်းရဲတွေ ခံကြရသလို သူတပါးတွေလည်း ငါတို့လို ဆင်းရဲ ဒုက္ခတွေ မဖြစ်ကြပါစေနဲ့ ဆိုပြီး မေတ္တာစိတ်နဲ့ သေတဲ့အတွက် ကြောင့်နတ်ပြည်ကို ရောက် လိမ့်မယ်။ အဲဒီကပ်သုံးပါး ဆိုက်ရောက်နေ ကြရတဲ့ အချိန်အခါမှာ ဝိသကြုံနတ် သားက လူ့ပြည်ကို ဆင်းလာပြီးလူ တွေ ဒုက္ခမျိုးစုံ ကြုံတွေ့နေရတာကို မကြည့်မမြင်ရက်လို့ သတိပေး လိမ့်မယ်။ အိုလူသားတို့ ဒီကနေ့ကစ ၇ရက်အတွင်း လူသားတွေ အပြစ်မရှိအပြစ်ရှာl အချင်းချင်း တယောက်နဲ့တယောက် သားငါးအမှတ်ဖြင့် သတ်ကြဖြက်ကြ ခုတ်သတ်ကြ လိမ့်မယ်။ အဲဒီဘေးအန္တရယ်မှ လွတ်မြောက် ချင်ကြလို့ရှိရင် (၇) ရက်စာရိက္ခာ အပြည့်အစုံယူပြီး တစ်ယောက်ချင်း သာ တောမြောင် ချောက်ခြားသို့ လူချင်းမတွေ့အောင် ပုန်းအောင်း နေပြီး (၇) ရက် ကျော်လွန်မှသာ လျှင်ပြန်လာခဲ့ကြပါ။ ယုံကြည်ကြ တဲ့သူတွေက (၇) ရက် စာရိက္ခာယူ ပြီးတော့ တောတောင် ချောက်ခြား သို့သွား၍ ပုန်းနေကြတယ်။ မယုံကြည်ကြတဲ့ ပုဂ္ဂိုလ်တွေက အ ချင်းချင်း သတ်ကြဖြတ်ကြလို့ အရိုးအသားတွေပြည့်လျှံl အရိုးတွေ သွေးတွေနဲ့ ဖြစ်ကုန်ကြတဲ့ အခါမိုး ကြီးရွာချl အရိုးအသားတွေ မျောကုန် ကြလိမ့်မယ်။ တောမြောင် ချောက်ခြား ပုန်းအောင်းနေကြတဲ့ လူတွေ ၇ ရက် ပြည့်လို့ပြန်လာ ကြတဲ့အခါ လူတွေ မတွေ့ရမမြင်ရ လို့အချင်းချင်းရိုင်းပင်း ကူညီ lကု သိုလ် ကောင်းမှုတွေပြုl မေတ္တာ စိတ်တွေ ဖြစ်ပေါ်လာကြလိမ့်မယ်။ အဲဒီလို မေတ္တာစိတ်l ကုသိုလ်စိတ် တွေဖြစ်ပေါ်ပေါက် လို့ကုသိုလ် ကောင်းမှုတွေ ပြုတဲ့အခါ ဆယ်နှစ် နေကြရသူတွေကအသက်နှစ် ဆယ်lအသက်နှစ်ဆယ်မိဘတွေ ကမွေးဖွားတဲ့သားသမီးတွေက အသက်လေးဆယ်။အဲဒီလိုအစဉ် အတိုင်းလူတို့ရဲ့အသက်တမ်းဟွှာရှည်ရှည်ပြီးတက်သွားမှာ။ကိုယ့် အသက်ကိုမရေမတွက်နိုင်အောင် အသင်္ချေယျထိဖြစ်သွားလိမ့်မယ်။ သက်တမ်းမရေမတွက်နိုင်အောင် ရှည်တဲ့အသင်္ချေယျခေတ်မှာ အနိစ္စ ဒုက္ခ အနတ္တတရားတွေ အလွယ်တကူမမြင်နိုင်တော့ဘူး။ အိုခြင်း နာခြင်း သေခြင်းတရား တွေမမြင်နိုင်။ဘယ်မြင်နိုင်ပါ့မလဲ။ လူတယောက်အိုဖို့နာဖို့သေဖို့ဆို တာတော်တော်ကြာအောင်စောင့် နေရမှာ။ အိုတဲ့သူတွေ့ရင်အထူးအဆန်ုးဖြစ်သွားပြီးနာတဲ့သူတွေ့ရင်လည်း အထူးအဆန်းဖြစ်ကုန်ပြီ။သေတဲ့ သူတွေ့ရင်တော့ဝိုင်းအုံကြည့်ရ တဲ့ခေတ်။ သက်တမ်းရှည်တဲ့ခေတ်မှာအိုနာသေခဏlခဏမ ပေါ်တော့သံဝေဂမဖြစ်။သံဝေဂမ ဖြစ်တော့အိုရမယ့်ဒုက္ခlနာရမယ့် ဒုက္ခသေရမှာကိုလည်းမကြောက် ကြတော့ဘူး။ မကြောက်ကြတော့ ကိုယ်ကျင့်တရားတွေပျက်ပြားပြီး အသင်္ချေယျသက်တမ်းမှတဖြည်း ဖြည်းဆုတ်ယုတ်၍သက်တမ်းတို လာလိမ့်မယ်။့ တဖြည်းဖြည်းသက်တမ်းဆုတ် ယုတ်လာပြီးသက်တမ်းတစ်သိန်း ရောက်တဲ့အခါ ယခုငါဘုရားသီ တင်းသုံးနေတဲ့ဗာရာဏသီပြည် သည်အလျား ၁၂ ယူဇနာlအနံ ၇ယူဇနာကျယ်ဝန်းတဲ့ကေတုမ တီမည်သောမင်းနေပြည်တော် ဖြစ်လိမ့်မယ်။ အဲဒီကေတုမတီ ပြည်မှာသင်္ခစကြာဝတေးမင်းအုပ် ချုပ်၍မင်းလုပ်လိမ့်မယ်။ ရိုးရိုးဘုရင်မဟုတ်ဘူး။ စကြာဝ တေးမင်း။စကြာဝတေးမင်းရဲ့မိဖု ရားကဝိသာခါတဲ့။သင်္ခစကြာဝ တေးမင်းမှာတစ်ဖက်သောရန်သူ ကိုချေမှုန်းပြစ်နိုင်တဲ့သားပေါင်း တစ်ထောင်ဖြစ်ထွန်းလိမ့်မယ်။ ကေတုမတီမြို့နှင့်တကွမြို့ ပေါင်းရှစ်သောင်းလေးထောင်ရှိ လိမ့်မယ်။ ကေတုမတီမြို့လယ် ခေါင်မှာရတနာ ၇ပါးနှင့်ပြည်စုံပြီး တံတိုင်းအကာအရံနဲ့လူတွေရဲ့ မျက်စိနဲ့စူးစိုက် မကြည့်နိုင်လောက်အောင်သောအရောင်အ ဝါဖြင့်အထပ်တစ်ရာရှိတဲ့ပြသဒ် ယာဉ်ကြီးရှေးဘုန်းရှေးကံကြောင့် ပေါ်ပေါက်လာလိမ့်မယ်။ ရှေးဘုန်းကံကြောင့်ဆိုတာကို သိအောင်ပြောပြရမယ်ဆိုရင်ကေ တုမတီမြို့ဟာဟိုးရှေးအခါတုန်း ကမဟာပနာဒမင်းနေသွားခဲ့ဖူး တယ်။ အဲဒီမဟာပနာဒမင်းရဲ့ဘုန်း ကံနဲ့ယခုလက်ရှိသင်္ခစကြာဝတေး မင်းရဲ့ဘုန်းကံကိုပြောတာ။ သင်္ခစကြာဝတေးမင်းနဲ့မဟာပနာ ဒမင်းဟာအတိတ်ဘဝရှေးအခါက ကျူထရံသည်သားအဖနှစ် ယောက်ဖြစ်ခဲ့ဖူးစဉ်ကပစ္စေကဗုဒ္ဓါ အရှင်မြတ် ၈ ပါးကိုကျူရိုးသဖန်း သားတို့ဖြင့်သစ်ရွက်မိုးကျောင်း ဆောက်လုပ်လှူဒါန်းပြီးဘုရား တပည့်တော်တို့သားအဖနှစ် ယောက်ဘဝဖန်ခါသံသရာကြီးထဲ မှာကျင်လည်ကျတ်စားပြေးလွှား ကြသည်ရှိသော်မြင့်မြတ်သော ပုဂ္ဂိုလ်တို့နှင့်သာထိုက်တန်သော ဆန်းကျယ်သောဘုံဗိမာန်ကြီးကို ရပြီးတော့အဆုံးဘဝနောင်ကာလ ၌မဂ္ဂင်ဖေါင်ကြီးငြိမ့်ငြိမ့်စီးလျက် ဘေးအတန်တန်အေးငြိမ်းရာအ မှန်နိဗ္ဗာန်အောင်ခန်းမြို့တော်နန်း သို့ကူးမြောက်နိုင်တဲ့ပုဂ္ဂိုလ်တွေ ဖြစ်ရပါစေသားအရှင်မြတ်တို့ဘု ရားလို့ဆုတောင်းပြီးပစ္စည်းလေး ပါးဖြင့်အသက်ထက်ဆုံးလှူဒါန်းခဲ့ တယ်။ သားအဖနှစ်ယောက်သေတဲ့အခါ နတ်ပြည်မှာအတူတူဖြစ်ကြရ တယ်။ အဖကနတ်ပြည်မှာကျန်ခဲ့ တယ်။ သားကနတ်ပြည်မှစုတေပြီး လူ့ပြည်မှာသုရုစိမင်းသုမေဓာ၏ သားမဟာပနာဒမင်းဖြစ်တယ်။ အတိတ်ဘဝကပစ္စည်းလေးပါးဖြင့် ပစ္စေကဗုဒ္ဓ ၈ ပါးကိုကျောင်းလှူ ခဲ့တဲ့ကုသိုလ်ကံကြောင့်သိကြား မင်းကမဟာပနာဒမင်းနေဖို့ရာအ တွက်ဝိသကြုံနတ်သားကိုအမြင့် ၂၅ ယုဇနာlအကျယ် ၈ ယုဇနာ အထပ် ၁၀၀ ရှိတဲ့ပြဿဒ်ကိုဝိသ ကြုံနတ်သားကိုဖန်ဆင်းပေးခိုင်းတယ်။ မဟာပနာဒမင်းမရှိသောအခါပြ ဿဒ်ကြီးပျက်စီးမသွားပဲနတ် ပြည်မှာကျန်ခဲ့သောအဖနတ်သား အတွက်ဂင်္ဂါမြစ်ထဲမှာမြုပ်နေပြီး အရိမေတ္တယျဘုရားရှင်ပွင့်သော အခါမှဂင်္ဂါမြစ်ထဲမှထွက်ပေါ်လာ ၍ကေတုမတီမြို့လည်၌ သင်္ခ စကြာဝတေးမင်းစံမြန်း ဖို့ရန်အ တွက်ထွက်ပေါ်လာလိမ့်မယ်။ ထိုအခါအဖနတ်သားသည်နတ် ပြည်မှစုတေ၍ကေတုမတီပြည် သင်္ခစကြာဝတေးမင်းဖြစ်လျက် အတိတ်ဘဝကသားတော်စပ်ခဲ့ဖူး သောမဟာပနာဒမင်းစံမြန်းခဲ့ သော အထပ်တစ်ရာရှိသောပြဿဒ်ကြီး ၌စံမြန်းလျက်နေစဉ်လူ့ဘောင် လောကငြီးငွေ့လာသောအခါ ရ ဟန်းမဝတ်မှီမှာပင်ငါ့ရဲ့ပြဿဒ်ကြီး အစိတ်စိတ်အမွှာမွှာဖြစ်ပါစေ သတည်းဟုအဓိဋ္ဌာန်လျက် …အရိမေတ္တာယျဘုရားအကြောင်း သိကောင်းစရာများ(၅)ထိုပြဿဒ်ကိုရဟန်း ပုဏ္ဏား ဆင်းရဲသားအထီးကျန်သူတောင်း စားတို့အားအလှူပေး၍ဝိသာခါမိ ဖုရားနှင့်အတူအနီးအပါးခစားကုန် ကြသောကုဋေကိုးသောင်းကျော် သောလူအပေါင်းတို့သည်တစ် ယောက်မကျန်သင်္ခမင်းနဲ့အတူ ဧဟိဘိက္ခုရဟန်းများဖြစ်လိမ့်မယ် စကြာဝတေးမင်း၏ အတိတ်ဘဝကသားတော်စ သောမဟာပဒါနမင်းသည်လူ့ပြည် နတ်ပြည်တို့၌သာဖြစ်လျက် ဂေါ တမဘုရားပွင့်တော်မူသောအခါ ဘဒ္ဒိယသူဋ္ဌေးဖြစ်လျက်ပြဿဒ် သုံးဆောင်ကိုနွေမိုးဆောင်းသုံးရာ သီတို့၌တစ်လှည့်စီခံစားနေစဉ် မြတ်စွာဘုရား၏တရားတော်ကို နာကြားရ၍ဖစ်လေသည်။ ဘဒ္ဒိယရဟန္တာဖြစ်သောနေ့ မှာပင်ဘဒ္ဒိယရဟန်းဟူသောအ မည်ဖြင့်ရဟန်းဖြစ်လျက်မြတ်စွာ ဘုရားနှင့်အတူရေကြောင်းခရီး ကြွတော်မူစဉ်မြတ်စွာဘုရားက ဘဒ္ဒိယသည်ပုထုဇဉ်လော/ရဟန္တာလောဟုတခြားသော ရဟန်းများသံသယလွတ်ကင်းစေ ခြင်းငှာ ချစ်သားဘဒ္ဒိယlသင်အ တိတ်ဘဝကမဟာပနာဒမင်းဖြစ် ခဲ့စဉ်အခါတုန်းကစံမြန်းခဲ့သော ပြဿဒ်ကြီးဘယ်နားမှာလဲဟုမေး လိုက်သောအခါဘဒ္ဒိယရဟန္တာမ ထေရ်သည်ဈာန်အဘိညာဉ်ဝင် စားပြီးပြဿဒ်ကြီး၏အထွဋ်ကို ခြေမဖြင့်ညပ်ယူ၍မလိုက်သောအ ခါပြဿဒ်ကြီးရေပေါ်၌ယူဇနာနှစ် ဆယ်အမြင့်သို့ရောက်လေသော ငါး လိပ် ပုဇွန် နဂါး မိကျောင်း စ သောသတ္တာဝါများပြုတ်ကျလာ သောအခါမြတ်ဘုရားက ချစ်သားဘဒ္ဒိယlအတိတ်ဘဝ တုန်းကအတူနေခဲ့တော်စပ်ခဲ့ သောမောင်းမမိဿံနှင့်တကွဆွေ မျိုးတွေပြဿဒ်ကြီးကိုစွဲလမ်းပြီး တိရိစ္ဆာန်တွေဖြစ်နေကြတာlအခုပြုတ်ကျလို့မင်းဆွေမျိုးတွေပင် ပန်းကြကုန်ပြီlပြန်လွှတ်လိုက်ပါ တော့လို့မိန့်ကြားတော်မူသဖြင့် ပြဿဒ်ကြီးသည်နေမြဲတိုင်းနေရာ ဖြစ်သောမြစ်လယ်ခေါင်၌ပင်နစ် မြုတ်သွားလေသည်။ကျောင်းလှူ ခဲ့သောဆင်ရဲသားသားအဖနှစ် ယောက်သည်သားဖြစ်သူကဂေါတမမြတ်စွာဘုရား ထံမှာရဟန္တာ ဖြစ်lနိဗ္ဗာန်ကိုရတယ်။အဖဖြစ်သူ ကအရိမေတ္တယျမြတ်စွာဘုရား ပွင့်တော်မူသောအခါမှာသင်္ခစ ကြာဝတေးမင်းဖြစ်လျက်ရဟန္တာုဖြစ်lနိဗ္ဗာန်ကိုရလိမ့်မယ်။ မဟာပနာဒမင်းဟာအတိတ်ဘဝ ရှေးအခါကကျူထရံသည်သားအ ဖနှစ်ယောက်ဖြစ်ခဲ့ဖူးစဉ်ကပစ္စေ ကဗုဒ္ဓါအရှင်မြတ်ကိုကျူရိုးသဖန်း သားတို့ဖြင့်သစ်ရွက်မိုးကျောင်း ဆောက်လုပ်လှူဒါန်းပြီးပစ္စည်း လေးပါးဖြင့်အသက်ထက်ဆုံးလှူ ဒါန်းခဲ့တယ်။ သားအဖနှစ်ယောက် သေတဲ့အခါနတ်ပြည်မှာဖြစကြရ တယ်။ အဖကနတ်ပြည်မှာကျန်ခဲ့ တယ်။ သားကနတ်ပြည်မှစုတေပြီး လူ့ပြည်မှာသုရုစိမင်းသုမေဓာ၏ သားမဟာပနာဒမင်းဖြစ်တယ်။ အတိတ်ဘဝကကျောင်းလှူခဲ့တဲ့ ကုသိုလ်ကံကြောင့်သိကြားမင်း ကမဟာပနာဒမင်းနေဖို့ရာအ တွက်ဝိသကြုံနတ်သားကိုအထပ် တစ်ရာရှိတဲ့ပြဿဒ်ကိုဝိသကြုံ နတ်သားအားဖန်ဆင်းပေးခိုင်း တယ်။ မဟာပနာဒမင်းမရှိတော့ပြ ဿဒ်ယာဉ်ပါပျောက်သွားပြီးကေ တုမတီပြည်သင်္ခစကြဝတေးမင်း စိုးမိုးအုပ်ချုပ်တဲ့အခါသင်္ခစကြဝ တေးမင်းအတွက်ဂင်္ဂါမြစ်ထဲမှပေါ် လာပြီးကေတုမတီမြို့လယ်ခေါင် မှာပေါ်ပေါက်လိမ့်မယ်။ ကေတုမတီမြို့ပတ်ဝန်းကျင် မှာလည်းရတနာတို့ဖြင့်ခြံရံ၍အ ရောင်ခုနှစ်မျိုးရှိသောတံတိုင်းခုနှစ် ထပ်lထန်းပင်စဉ်ခုနှစ်ထပ်ပေါ် ပေါက်၍ကာရံထားလိမ့်မယ်။မြို့ တံခါးလေးမျက်နှာမှာလည်းရွှေဇ ရပ်တွေပေါ်ပေါက်လိမ့်မယ်။မြို့ ထက်ဝန်းကျင်မှာရှိတဲ့ရှင်ဘုရင်ဥ ယျာဉ်တွေထဲမှာပန်းမျိုးစုံတို့ကမြ ရည်သွန်းသကဲ့သို့မွှေးပျံ့သင်း လှိုင်နေလိမ့်မယ်။ ကေတုမတီပြည် ၏မြို့အလယ်ခေါင်၌၄င်းlပြဿဒ် အယာမ်lတံတိုင်းအယာမ်တို့မှာ အဖြူlအနီlအဝါlအရွှေlအစိမ်းlအ မည်းlအကြောင်အကြားlပြိုးပြိုးပြတ်ရှိသောနတ်ပုဆိုးတန်ဆာlတ ခြားတခြားသောတိုင်းနိုင်ငံတွေမှ ထွက်ပေါ်လာတဲ့အဝတ်ပုဆိုးlထ မင်းဘောဇဉ်lအဖျော်စသောလူ အများသုံးဆောင်စားသောက် ကောင်းသောအရသာဟူသမျှ တွေပဒေသာပင်မှာတွဲလဲစွဲလျက်ွှိရှိကြလိမ့်မယ်။ အဲဒီအချိန်မှာအရိမေတ္တ ယျဘုရားလောင်းက ၁၆ သင်္ချေ နှင့်ကမ္ဘာတစ်သိန်းပါရမီတွေဖြည့် ကျင့်ပြီး၍တုသိတာနတ်ပြည်မှာရှိ နေမယ်။ စကြာဝဋ္ဌာတိုက် တစ် သောင်းမှာနေထိုင်ကြတဲ့ နတ် ဗြဟ္မာအပေါင်းတွေကဘုရားအ လောင်းတော်နတ်သားကိုအ လောင်းတော်နတ်သားလူ့ပြည်ကို ဆင်း၍ဘုရားဖြစ်ဖို့ရန်အချိန်တန် ပါပြီ။ လူနတ်ဗြဟ္မာသတ္တဝါတို့၏ အကျိုးငှာလူ့ပြည်ဆင်း၍ဘုရား ဖြစ်တော်မူပါလို့လျှောက်ထား တောင်းပန်ကြလိမ့်မယ်။ အလောင်းတော်နတ်သား ကလူ့ပြည်ဆင်း၍ပဋိသန္ဓေယူဖို့အရာအတွက်ဘု ရား အလောင်း တို့ရဲ့ထုံးတမ်းအစဉ်အလာဓမ္မတာ အရပဋိသန္ဓေယူတော့မယ်ဆိုရင် ကြည့်ခြင်းငါးပါးကိုအရင်ကြည့်ပြီး မှယူလေ့ရှိတယ်။ ၁။ဘုရားဖြစ်ဖို့ရာခေတ်အခါကာ လကိုကြည့်ရှုခြင်း ၂။ ဘုရားဖြစ်ပွင့်ရာကျွန်းကိုကြည့် ရှုခြင်း ၃။ ဘုရားဖြစ်ပွင့်ရာဒေသကိုကြည့် ရှုခြင်း ၄။ ဘုရားအလောင်းတို့ဖြစ်ရာ အ မျိုးကိုကြည့်ရှုခြင်း ၅။ဘုရားအလောင်းမယ်တော်၏ အသက်အပိုင်းအခြားကိုကြည့်ရှု ခြင်း ၁။ လူ့လောက၌ဘုရားအဖြစ်ပွင့် ရာအချိန်အခါတန်ပြီလောlမတန် သေးလောဟုရှေးဦးစွာကြည့်ရှုရ တဲ့ရည်ရွယ်ချက်က လူ့လောက၌သက်တမ်း တစ်သိန်းအထက်ကာလသည် ရှည်လျားလှသောအသက်တမ်း ကာလ၏ဖုံးလွမ်းကာကွယ်မှု ကြောင့်အနိစ္စဒုက္ခအနတ္တသဘော တရားတို့ကိုဟောကြားလျင်ကြား နာသူလူတို့သည်ဘာတွေများ ဟောကြားနေပါလိမ့်ဟူ၍မဝေနိုင် မခွဲနိုင်ဖြစ်ကာသက်ဝင်ယုံကြည် ကြလိမ့်မည်မဟုတ်။သံသရာဝဋ် မှထွက်မြောက်ခြင်းအကျိုးမပြီး အချည်းအနှီးသာဖြစ်၍ပဋိသန္ဓေ အိုနာသေဆင်းရဲတို့မထင်ရှား။မ သိမြင်နိုင်ကြသောကြောင့်အနှစ်တသိန်းထက်အ သ က်တမ်းရှည် လျားသောကာလသည်ဘုရားပွင့် ရာကာလမဟုတ်။ လူတို့၏သက်တမ်းအနှစ်တစ်ရာ တမ်းအောက်ဖြစ်ပွားကြသော သတ္တဝါတို့သည်ကိလေသာတ ရားမျာပြားထူပြောကြသဖြင့်ဟော ပြောပြသပေးဝေငှအပ်သောဘု ရားအဆုံးအမတော်သည်ရေပြင်၌ တုတ်ချောင်းဖြင့်ရေုးခြစ်အပ်သော အရေးအသားပမာရှည်လျားကြာ မြင့်စွာမတည်တံ့ပဲလျင်မြန်စွာ ပျောက်ပြယ်ကင်းကွယ်လေသကဲ့ သို့ဘုရားရှင်အဆုံးအမတရား တော်သည်လျင်မြန်စွာမေ့လျော့ ပျောက်ကွယ်သည်သာဖြစ်သော ကြောင့်အနှစ်တရာအောက်ကာ လသည်မြတ်စွာဘုရားများဖြစ် ပေါ်ပွင့်တော်မူရာအခါကာလမ ဟုတ်။ လူတို့၏သက်တမ်းအနှစ် တစ်သိန်းတမ်းနှင့်အနှစ်တရာ တမ်းlဤနှစ်တမ်းတို့အပါအဝင်အ ကြားဖြစ်သောအခါကာလသည် သာလျှင်မြတ်စွာဘုရားတို့ဖြစ်ပွင့် တော်မူကြရာကာလမည်သော ကြောင့်ဤအခါကားဘုရားဖြစ်ရန် လျော်ကန်လျောက်ပတ်လှသော အခါကာလပေတည်းဟုဘုရား ဖြစ်ရန်ကာလကိုကြည့်ရတယ်။ ၂။ ကျွန်းကြီးလေးကျွန်းထဲမှရှေးဘု ရားရှင်တို့ပွင့်တော်မူရာကျွန်းကို ကြည့်ရတယ်။ ဘုရားဖြစ်ရာကျွန်း ကိုကြည့်ရှုဆင်ခြင်ရာမှာကျွန်း ငယ်ငါးရာစီအခြံအရံရှိသောကျွန်း ကြီးလေးကျွန်းတို့အနက်ဇမ္ဗူ့သ ပြေပင်ပေါက်ရာဖြစ်၍ထိုဇမ္ဗူ့သ ပြေပင်ဖြင့်မှတ်သားခေါ်ဆိုအပ် သောဤဇမ္ဗူထိပ်ကျွန်းကြီး၌သာ လျင်ရှေးဘုရားတို့ပွင့်ကြ၏ဟုဘု ရားဖြစ်မည့်ကျွန်းကိုကြည့်ရတယ်။

Wednesday, July 9, 2014

ဆရာဖေမြင့်

ဒီစာအုပ်ဟာ လမ်းဘေး စာအုပ်ဆိုင်က တွေ့လို့ ၀ယ်လာခြင်းဖြစ်ပါတယ်။ ဆရာဖေမြင့်ကို အရင်ဟိုးတုန်းတည်းက လေးစားခဲ့တာပါ။ ဆရာ့ စာအုပ်ကို လမ်းဘေးက ၀ယ်လာပေမယ့် ဒီစာအုပ်ထဲက အကြောင်းအရာတွေကတော့ သူငယ်ချင်းတို့ကို ထိပ်ဆုံးရောက်အောင် ပို့ဆောင်ပေးနိုင်မယ့် နည်းလမ်း လေးတွေ အများကြီး ပါဝင်ပါတယ်။ အမြည်းသဘောလေးနဲ့ စာအုပ်ထဲမှာ ပါတဲ့ မာတိကာ ခေါင်းစဉ်အောက်က မှတ်သားစရာလေးတွေကို တစ်ပုဒ်ခြင်းစီ တင်ပြပါရစေ။ ကျွန်တော်လဲအပျင်းပြေဖို့ ဖြစ်သလို သူငယ်ချင်းတို့ အတွက်လဲ အကျိုးရှိမယ် ထင်လို့ပါ။ မာတိကာ။ ။မိမိကိုယ်ကိုလေးစားခြင်း မိမိ ကိုယ်ကို လေးစားခြင်းသည် အောင်မြင်မှု၏ အခြေခံ အုတ်မြစ် ဖြစ်သည်။ ------------------- မာတိကာ။ ။တစ်ကိုယ်တည်း ပြောစကား မိမိ ကိုယ်ကို မိမိ မကဲ့ရဲ့ မရှုံချ ပါနှင့်။ မိမိ ကိုယ်ကို မလေးစားသူအား မည်သူကမျှ လေးစားမည် မဟုတ်။ --------------- မာတိကာ။ ။အကောင်းမြင်စိတ်ဓါတ် ပြတင်းပေါက် သံတိုင်များကြားမှ နေ၍ လူနှစ်ယောက်သည် အပြင်သို့ ကြည့်ကြသည်။ တစ်ယောက်က ရွှံဗွက်နွံအိုင်များကို မြင်သည်။ တစ်ယောက်ကား ကြယ်ကလေးများ လင်းလက်တောက်ပ နေသည့် ကောင်းကင်ကို မြင်လေသည်။ ------------------- မာတိကာ။ ။အိမ်မက်မှသည် စိတ်ကူးယဉ် အိမ်မက်များနေရာ၌ နောင်တနှင့် သံဝေဂများ အစားဝင်လာပြီ ဆိုလျှင် သင်အိုပြီဟု မှတ်သားပါလေတော့။ ------------------- မာတိကာ။ ။ရည်မှန်းချက် ပန်းတိုင်များ ချမှတ်ခြင်း ခရီးလမ်းနှင့် ပန်းတိုင်ကို ပီပီပြင်ပြင် သိထားသူကား ခြေတစ်လှမ်းမှ မလှမ်းသေးမှီပင် ခရီးတစ်ဝက် ရောက်နှင့်ပြီ ဖြစ်လေသည်။ ------------------ မာတိကာ။ ။စီမံကိန်း ချမှတ်ခြင်း ကိုယ်ပိုင် အစီအစဉ် မရှိသူသည် ပတ်ဝန်းကျင် စီမံဖန်တီးသမျှကို လည်စင်းခံရသည့် ကံကြမ္မာ၏ သားကောင်ဘ၀သို့ ရောက်ရှိလိမ့်မည်။ ------------------ မာတိကာ။ ။မဆုတ်မနှစ်သော လုံ့လ ကမ်းမမြင်သော ပင်လယ်ပြင်ကို ရေးကူးနေသောသူသည် ရူးသွပ်သူမဟုတ်။ ဆင်ခြင်ညဏ်နည်းသူ မဟုတ် ခေါင်းမာသူမဟုတ်၊ လုပ်စရာရှိသည့် တစ်ခုတည်းသော အလုပ်ကို စွမ်းအားရှိသမျှ အားထုတ်လုပ်ကိုင် နေသူသာ ဖြစ်သည်။ ----------------- မာတိကာ။ ။မိမိကိုယ်ကို စည်းကမ်း သတ်မှတ်ခြင်း မိမိကိုယ်ကို စိုးမိုးနိုင်စွမ်းရှိသူသည် တန်ခိုးစွမ်းအား အကြီးမားဆုံး ပုဂ္ဂိုလ်ဖြစ်သည်။ -------------------- မာတိကာ။ ။မိမိကိုယ်ကို အမြင့်ဆုံး မျှော်လင့်ထားပါ မအောင်မြင်ခြင်းသည် အပြစ်တင်စရာမဟုတ်။ ရည်မှန်းချက် နိမ့်ကျခြင်းသာ တကယ့်ပြစ်မှု ဖြစ်သည်။ ------------------- မာတိကာ။ ။အကောင်းဆုံး ဆောင်ရွက်မှု ဖြစ်ပါစေ။ အကောင်းဆုံး ဆောင်ရွက်၏သူ နောက်မှ ကံကြမ္မာကောင်း၊ အခွင့်အခါကောင်းတို့ လိုက်ပါစမြဲ ဖြစ်သည်။ ------------------- မာတိကာ။ ။ထမြောက်အောင်မြင်မှု လူမှန်လျှင် တနေ့သေဆုံးရမည်။ မြေမှုန့်မှလာ၍ မြေမှုန့်ဘ၀တွင် ပျောက်ကွယ်ရ၏။ သို့သော် အသက်ရှင်စဉ် ဘ၀ ထူးထူးခြားခြား စွမ်းဆောင် အောင်မြင်ခဲ့သူကား သေဆုံးခြင်း နယ်နိမိတ်ကို ကျော်လွန်၍ အဓွန့်ရှည်ပေသည်။ ------------------- မာတိကာ။ ။ကိုယ့်အားကိုယ်ကိုးခြင်း လောက၏ မတူညီသော ကဏ္ဍ အသီးသီးတွင် အောင်မြင်မှု ရရှိခဲ့သူတို့ တူညီစွာ လက်ခံယုံကြည် ထားကြသည့် အချက်တစ်ရပ် ရှိသည်။ ယင်းကား မိမိ၏ ကံကြမ္မာ အကောင်းအဆိုးကို မိမိသာ ဖန်တီးနိုင်သည် ဟူ၍ ဖြစ်၏။ ------------------- မာတိကာ။ ။အခွင့်အလမ်း နေ့စဉ် နံနက်တိုင်း ငါသည် သင့်တံခါးဝရပ်ကာ သင့်အား ထလော့၊ တိုက်လော့၊ အောင်ပွဲခံလော့ ဟုနှိုးဆော်၏။ ခံယူခြင်း၊ မခံယူခြင်းကား သင့်အပိုင်း ဖြစ်လေသည်။ --------------------- မာတိကာ။ ။အလိုက်သင့်ပြုနိုင်သော စွမ်းရည် ပြောင်းလဲခြင်းနိယာမ တရားကြီးကို လူတိုင်း လေးစား လိုက်နာရလိမ့်မည်။ သဘာဝနိယာမ များထဲတွင် သူသည်ပင် စွမ်းအား အကြီးမားဆုံး ဖြစ်လေသည်။ -------------------- မာတိကာ။ ။စေ့ဆော်မှု စိတ်ကူးယဉ်အိမ်မက်ကို လက်တွေ့ အကောင်အထည် ဖေါ်ဖြစ်အောင် တွန်းပို့သောအရာသည် စေ့ဆော်မှု ဖြစ်သည်။ ------------------- မာတိကာ။ ။တာဝန်ယူတတ်သည့်စိတ် အောင်မြင်သည့်အခါ မိမိရင်ဘက်ကို ပုတ်ပြပြီး အမှားအယွင်းကြုံချိန် ဘေးဘီသို့ လက်ညှိုးထိုးတတ်ခြင်းသည် ကလေးစိတ် မပျောက်သေးသူတို့၏ လက္ခဏာ တစ်ရပ်ဖြစ်လေသည်။ ------------------- မာတိကာ။ ။ဥိးစားပေး ရွေးချယ်ခြင်း အလုပ်အားခိုက် ကြောင်ကို ရေချိုးပေးခြင်းသည် အတွေ့အကြုံသစ် ဖြစ်နိုင်ပါသည်။ သို့သော် ကြောင်ရေချိုးရင်း တစ်နေမကုန်သင့်ပေ။ -------------------- မာတိကာ။ ။စွန့်စားရဲခြင်း လောကကြီး၌ ကြီးကျယ်သော အရာမှန်သမျှ အန္တရာယ်ကင်း ဘေးရှင်းရရိုး ထုံးစံ မရှိပေ။ -------------------- မာတိကာ။ ။သင်ခန်းစာ ယူတတ်ခြင်း မှောက်ကျသွားသော နို့အိုးအတွက် သောက ရောက်မနေပါနှင့်။ ထပ်မမှောက်အောင် ထိန်းနိုင်လျှင် သင်လူတော် ဖြစ်လိမ့်မည်။ --------------------- မာတိကာ။ ။ထက်သန် တက်ကြွစိတ် ယုံကြည်မှုနှင့် ၀ီရိယစွမ်းအား ပေါင်းစပ်ထားသူအား မည်သည့်အရာမျှ တားဆီးမထားနိုင်။ ------------------- မာတိကာ။ ။ပေါင်းသင်းဆက်ဆံရေး စိုက်သောအပင်၏ အသီးကို သင်စားရလိမ့်မည်။ သူတပါးအား စေတနာထား ဆက်ဆံလျှင် စေတနာကို ပြန်ရ၏။ သူတပါးအား အာဃာတ ထားလျှင် တုံ့ပြန်ခြင်းကို ခံရ၏။ ------------------- မာတိကာ။ ။ပူးပေါင်းဆောင်ရွက်ခြင်း နှစ်ယောက်အားဖြင့် ယူ၍ရခဲ့သည့် အရာကို သင်တစ်ဦးတည်း ပိုင်ဆိုင်ခြင်၍ မဖြစ်ပေ။ ---------------------- မာတိကာ။ ။တေ့ဆိုင် စေ့စပ် ပြောဆိုခြင်း အရာရာကို ငါ့သဘောချည်း ဖြစ်ခြင်၍ မရ ။ သူ့သဘောချည်းပဲ ငါလက်မခံနိုင်။ ထိုအခါ…….. -------------------- မာတိကာ။ ။မာန ရှိခြင်း(သို့မဟုတ်) ဂုဏ်ယူတတ်ခြင်း မိမိ အလုပ် ဂုဏ်ယူတတ်ခြင်းသည် တလွဲမာနမဟုတ်။ ------------------ မာတိကာ။ ။ရည်ရွယ်ချက် ရည်ရွယ်ချက် ကင်းမဲ့သောဘ၀သည် အနိမ့်စား သတ္တ၀ါတစ်ခု၏ ဘ၀မျိုးသာဖြစ်သည်။ ------------------ မာတိကာ။ ။ချမ်းသာကြွယ်ဝမှု ချမ်းသာခြင်း ၊ ဆင်းရဲခြင်း နှစ်ခုလုံးပင် အပြစ်မကင်းပေ။ ---------------------- မာတိကာ။ ။အာဏာ(သို့မဟုတ်) တန်ခိုးစွမ်းအား တန်ခိုးအာဏာကို မက်မောသော စိတ်သည် လူ့အလိုရမက်များထဲတွင် စက်ဆုပ်ဖွယ် အကောင်းဆုံး အရာဖြစ်သည်။ -------------------- မာတိကာ။ ။ညဏ်အမြော်အမြင် ဗဟုသုတ ရှိတိုင်း ညဏ်အမြှော်အမြင် ရှိသည် မဟုတ်ပေ။ ------------------- မာတိကာ။ ။အောင်မြင်မှု လောက၌ အောင်မြင်မှု ဟူသည် တစ်ခုတည်းသာရှိ၏။ ယင်းကား မိမိဘ၀ကို မိမိပုံစံအတိုင်း နေထိုင် သွားနိုင်ခြင်း ဖြစ်သည်။ ----------------------- မာတိကာ။ ။ပျော်ရွှင်မှု (၀ါ) အားတက်ရွှင်လန်းမှု စိတ်ချမ်းသာ ပျော်ရွှင်မှုသည်သာ လူ့ဘ၀၌ ရရှိနိုင်သည့် အကြီးမားဆုံး ဆုလာဘ်ဖြစ်သည်။ သူငယ်ချင်းများ အကျိုးရှိစွာ အသုံးချနိုင်ပါစေ မင်းဝေ(min wai)

Sunday, July 6, 2014

ဦးဇောတိက

မြတ်စွာဘုရားရဲ့ အဆုံးအမတွေရဲ့ အနှစ်သာရဟာ ဥပါဒါန် ကင်းရေး တစ်ခုကိုပဲ ဦးတည်တယ်လို့ ဖက်ဖူးပါတယ်။ ဥပါ့ဒါန်ဆိုတာ ပြင်းပြင်းထန်ထန် ဆုပ်ထားတာကို ဆိုလိုတယ်။ (ဥပ-ပြင်းပြင်းထန်ထန်၊ အာ ဒါန-ယူထားခြင်း) ဥပါ့ဒါန် ကင်းတယ်ဆိုတာ ပြင်းပြင်းထန်ထန် တင်းတင်းဆုပ်ထားတာကို လွှတ်လိုက်တာပါပဲ။ -------------------------------------------------- လူဆိုတာ လူတွေနဲ့ အတူနေရတယ်။ ဒါကြောင့် လူတွေအကြောင်းများများ သိဖို့လိုတယ်။ လူတစ်ယောက် အကြောင်း သိလိုက်ရတိုင်း သိလိုက်ရတိုင်း အတုယူစရာ ၊ နည်းယူစရာ။ သင်ခန်းစာ ယူစရာတွေ အများကြီး ရတယ်။ ကိုယ်က လူတွေအကြောင်း များများ သိထားရင် လူတွေနဲ့နေရတာ ၊ပြောရဆိုရတာ၊ လုပ်ကိုင်ရတာ ပိုပြီး အဆင်ပြေတယ်။ ဒါ့အပြင် သူများအကြောင်း သိရတဲ့အခါ ကိုယ့်အကြောင်းလည်းကိုယ် ပိုသိလာတယ်။ ----------------------------------------------- ပိုပြီးနက်နဲသိမ်မွေ့တာ ပိုပြီးလေးနက်တာကို သိချင်ရင် အဲဒီလိုသိနိုင်မည့် စိတ်မျိုးကို ပြုစုပျိုးထောင်ယူရတယ်။ ဒါဟာလူတစ်ယောက် အနေနဲ့ လူ့ဘ၀မှာ လုပ်ရမည့် အဆင့်မြင့်ဆုံး အလုပ် ဖြစ်ပါတယ်။ ကိုယ်ဘာကို သိမြင်ခံစားရတယ် ဆိုတာ ကိုယ်ဘယ်လို လူလဲဆိုတာအပေါ် မှာ မူတည်တယ်။ ------=----------------------------------------------- စိတ်နေသဘောထား အေးချမ်းပြီး သိမ်မွေ့ နူးညံ့လာတဲ့သူဟာ သူ့ပတိဝန်းကျင်မှာ မြင်ရတဲ့ သဘာဝကို နှစ်သက်တယ်၊ တန်ဖိုးထားတယ်။ သစ်ပင်အမျိုးမျိုး၊ ပန်းပင်အမျိုးမျိုး၊ သီးနှံပင် အမျိုးမျိုး အပါအ၀င် မြက်ပင်တွေ ရေညှိတွေအထိအောင် နှစ်သက်တယ်။ စိတ်ဝင်စားတယ်။ ရေကန်တွေ၊ ချောင်းတွေ ၊ မြစ်တွေ၊ ပင်လယ် သမုဒရာတွေ ကိုလည်းစိတ်ဝင်စားတယ်။ တောတွေ၊ တောင်တွေ၊ သဘာဝရှုခင်းတွေ ကို နှစ်နှစ်သက်သက် ကြည့်နိုင် ခံစားနိုင်တယ်။ နေ၀င်တာ၊ နေထွက်တာ၊လထွက်တာ ၊ကြယ်တာရာနကတ်တွေ ရွေရှား သွားလာနေတာ၊ ရာသီဥတုတွေ ပြောင်းနေတာ စိတ်ဝင်စားပြီး လေ့လာမှတ်သားနိုင်တယ်။ ------------------------------------------------ လေးနက်တဲ့စိတ် လေးနက်တဲ့ အသိညဏ် ရှိတဲ့သူဟာ ဘာကိုကြည့်ကြည့် လေးနက်တဲ့ အဓိပါယ်ကိုမြင်ရတယ်။ -------------------------------------------------- ညဏ်နဲ့ သိမြင်ခံစားရတာဟာ ညဏ်ရင့်ကျတ်တဲ့ သူတွေအတွက် အင်မတန် နှစ်သက်စရာ ကောင်းတဲ့ အရသာ တစ်မျိုးဖြစ်တယ်။ ---------------------------------------------- ညဏ်အဆင့်မြင့်တဲ့သူ၊ စိတ်နေသဘောထား တည်ငြိမ် အေးချမ်းမြင့်မြတ်တဲ့ သူတွေဟာ ညဏ်နဲ့ လေးလေးနက်နက် သိရတာကို ပိုပြီး နှစ်နှစ်ခြိုက်ခြိုက် ခံစားတယ်။အဲဒီလို သိရ ခံစားရတာဟာ သူ့ဘ၀ရဲ့ အဓိပါယ် ဖြစ်သွားတယ်။ ဘ၀ရဲ့ အကောင်းဆုံး အတွေ့အကြုံ ဖြစ်တယ်လို့ နားလည်လက်ခံတယ်။ ------------------------------------------------ ကြောက်စိတ်၊ စိုးရိမ်စိတ်မရှိ၊ လိုချင်မက်မော လွှမ်းမိုးခြယ်လှယ်ချင်စိတ် မရှိတဲ့သူ၊ တည်ငြိမ် အေးချမ်းတဲ့သူဟာ အမှန်အတိုင်းမြင်တယ်။ သဘာဝ ကျကျ မျှမျှတတ မြင်တယ်။ -------------------------------------------------- အရာရာတိုင်းကို စိတ်နဲ့ပဲ သိရတာပါ။ စိတ်ရဲ့ အရည်အသွေး မြင့်မားလာတဲ့အခါ သိရတာလည်း မြင့်မား လာတာ သဘာဝပါပဲ။